-
သတင်း
စိုက်/မွေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံရန် ရုရှားလုပ်ငန်းရှင်များကို စစ်ခေါင်းဆောင် ဖိတ်ခေါ်
စစ်တပ်၏ သွင်းကုန်ကန့်သတ်မှုများကြောင့် ပြည်တွင်း၌ မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများမှာ သယ်ယူပို့ဆောင်ရေး၊ အစာနှင့် မြေဩဇာဝယ်ယူရေး ကုန်ကျစရိတ် ကြီးမြင့်နေပြီး လုပ်သား ရှားပါးမှုပါ ဖြစ်ပေါ်နေချိန် ပြည်ပလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံကြရန် စစ်ခေါင်းဆောင်က မက်လုံးပေး ဖိတ်ခေါ်နေသည်။
-
ရုပ်သံသတင်း
အာဏာသိမ်း စစ်တပ်အပေါ် KNU သဘောထား ဘယ်လိုရှိနေလဲ
တိုင်းပြည်အာဏာကို အဓမ္မသိမ်းယူထားတဲ့ စစ်တပ်က စစ်တန်းလျားကိုမပြန်၊ အာဏာမစွန့်သမျှကာလပတ်လုံး လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲတွေ ဆက်ရှိနေဦးမယ်လို့ သက်တမ်းရင့် တိုင်းရင်းသားလက်နက်ကိုင်တပ်တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU က သူတို့ရဲ့သဘောထားကို ထုတ်ပြောလာပါတယ်။
-
ရုပ်သံသတင်း
စစ်အုပ်ချုပ်ရေးလက်အောက် မြို့ပြက ခိုးဆိုးလုနှိုက် ယန္တရား
မြန်မာနိုင်ငံက ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးတွေမှာ ခိုးမှု၊ လုယက်မှုနဲ့ အုပ်စုဖွဲ့ ရာဇဝတ်မှုတွေ ပိုမိုများပြားလာပြီး ပြည်သူတွေအတွက် လုံခြုံရေးစိုးရိမ်စရာ ဖြစ်လာနေပါတယ်။ အိမ်တွေနဲ့ ဆိုင်တွေက ပစ္စည်းတွေသာမက ရေမြောင်းအဖုံး၊ လမ်းဘေးထရန်စဖော်မာက ကြေးကြိုးတွေနဲ့ ရထားသံလမ်းထိန်းကလစ်တွေအထိ ခိုးယူခံနေရပါတယ်။
-
သတင်း
NUG ထိန်းချုပ်သည့် ပင်လည်ဘူးကို ၃ ရက်ဆက် ဗုံးကြဲ၊ ရွှေလုပ်ကွက်တွင် ၆ ဦးသေဆုံး
BNRA တပ်မှူးနှစ်ဦး ထွက်ပြေးသွားသည့် နောက်ရက်မှစတင်၍ သုံးရက်ဆက် ဗုံးကြဲမှုအတွင်း ရွှေလုပ်ကွက်ရှိ လုပ်သားများ အပါအဝင် အရပ်သား ၁၀ ဦးသေဆုံး၊ ၂၀ ဦးခန့် ဒဏ်ရာရခဲ့ကြသည်။
-
သတင်း
ရှမ်းမြောက်တွင် အရပ်သား ပစ်ခတ်ခံရပြီးနောက် KIA ဂိတ်ကို ဒေသခံများ မီးရှို့
ကုန်တင်မော်တော်ယာဉ်တစ်စီးကို စစ်ဆေးရန် တားမြစ်စဉ် ရပ်တန့်မပေးသသည့်အတွက် KIA တပ်ဖွဲ့ဝင်၏ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုတွင် မကျေနပ်သည့် ရွာသားများက ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြသဖြင့် ဒေသတွင်း အခြေအနေတင်းမာနေသည်။



