-
ရုပ်သံသတင်း
စောချစ်သူရဲ့ လက်ဦးဆရာ ကျားဖြန့်ခေါင်းဆောင်ကို တရုတ်ပြန်ပို့
ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ရွှေကုက္ကိုလ်မြို့သစ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက တောင်းဆိုထားတဲ့ ရှီကျင်ကျန်းကို ထိုင်းရဲတပ်ဖွဲ့က ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်ကတစ်ဆင့် တရုတ်နိုင်ငံကို နိုဝင်ဘာ ၁၂ ရက်နေ့ ညနေမှာ လွှဲပြောင်းပေးလိုက်ပါတယ်။
-
ရုပ်သံသတင်း
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တစ်ခုလုံးကို ထိန်းချုပ်ဖို့ စစ်တပ် အပြင်းအထန် ထိုးစစ်ဆင်နေ
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်ဖိအားကြောင့် တိုက်ပွဲတွေငြိမ်သက်သွားတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က နယ်မြေတွေကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
-
ဆောင်းပါး
တရားခံမပေါ်သေးတဲ့ ကနီနယ် ကျောင်းဆရာမိသားစုလိုက် အသတ်ခံရမှု
တော်လှန်ရေးစိုးမိုးမှု အားကောင်းတဲ့ ကနီနယ်ထဲက NUG ပညာရေးဝန်ထမ်းတစ်ဦးနဲ့ ဇနီး၊ သုံးလကျော်အရွယ် သမီးငယ်ကိုပါ ဓားနဲ့ထိုးသတ်ခဲ့တဲ့အမှုက တစ်နှစ်ပြည့်ခဲ့ပြီဖြစ်ပေမဲ့ ကျုးလွန်သူကို ဖော်ထုတ် အရေးမယူနိုင် သေးပေ။
-
သတင်း
တိုက်နယ်ဆေးရုံကို စစ်တပ် ဗုံးကြဲ၊ လူနာ ၇ ဦးနှင့် ဆေးရုံဝန်ထမ်း ၁ ဦးသေဆုံး
စစ်တပ်သည် ယနေ့ (နိုဝင်ဘာလ ၁၁ ရက်နေ့) နံနက်ပိုင်းက စက်တပ်လေထီးဖြင့် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှ ဝင်းမနားတိုက်နယ်ဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူနာခုနစ်ဦးနှင့် ဆေးရုံဝန်ထမ်းတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ထံမှသိရသည်။
-
ရုပ်သံသတင်း
လေကြောင်းအားကိုး စစ်တပ်က လေယာဉ်၊ ရဟတ်ယာဉ် ၅စင်း အင်အားထပ်ဖြည့်
မကြုံစဖူး ခုခံတော်လှန်မှုတွေနဲ့ နိုင်ငံအနှံ့ ရင်ဆိုင်နေရချိန်မှာ လေကြောင်းအားကိုးနဲ့ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်တပ်ဟာ တရုတ်ထုတ် စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေး Y-8 လေယာဉ် ၂စင်းနဲ့ ရုရှားထုတ် အလတ်စား ဘက်စုံသုံးရဟတ်ယာဉ် ၃စင်း၊ စုစုပေါင်း ၅စင်းကို အင်းအားထပ်ဖြည့်လိုက်ပါတယ်။



