-
ရုပ်သံသတင်း
၅၉(စ)ဆိုင်ရာဆွေးနွေးချက်တွင် အချက်အလက်အမှားများထပ်မံပါဝင်
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့်ဆုံးရှုံးစေခဲ့သည့် ပုဒ်မ ၅၉(စ)ကို မပြင်သင့်ကြောင်း ဆွေးနွေးရာတွင် ထိုပုဒ်မမှာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ရေးဆွဲခဲ့သည်ဆိုသော အချက်အလက်အမှားများကို တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဂျေယောဝူက ထည့်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်သည်။ ဉာဏ်လှိုင်လင်း/Myanmar Now [youtube https://youtu.be/FILHu5tvSd0]
-
ရုပ်သံသတင်း
တပ်မတော်သားများကို စစ်ဘက်ဆိုင်ရာတရားရုံးမှာသာ စီရင်သင့်သလား
“တပ်မတော်သားများကို စစ်ဘက်ဆိုင်ရာတရားရုံးမှာသာ စီရင်သင့်သလား” တပ်မတော်သားများ၏ စစ်ဘက်ဆိုင်ရာကျူးလွန်မှုများကို စစ်ဘက်တရားရုံးများတွင် စီရင်ဆုံးဖြတ်ခြင်းမှာ သင့်လျော်သော်လည်း အရပ်ဘက်ဆိုင်ရာကျူးလွန်မှုများကိုမူ အရပ်ဘက်တရားရုံးများတွင်သာ စစ်ဆေးသင့်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးစဉ် အာဏာရ NLD ပါတီအမတ်က ယနေ့လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။ ထိုမှသာ တပ်မတော်အပေါ် ပြည်သူများက…
-
ရုပ်သံသတင်း
“ငြိမ်းချမ်းရေးနဲ့ တပ်မတော် လွှတ်တော်ထဲရောက်နေတာ ဘာဆိုင်လဲ”ဟူသည့် စကားရပ်ပယ်ဖျက်ခံရ
‘သိပ်လွန်လာရင် ဥပဒေအရ တရားစွဲဆိုခံရနိုင်တယ်’ ဟုပင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က သတိပေးခဲ့ရသည့် ယမန်နေ့ အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးမှုများအနက် ခုနစ်ဦး၏ ပြောစကားအချို့ကို မှတ်တမ်းမှ ပယ်ဖျက်လိုက်သည်။ ဖေဖော်ဝါရီ ၂၇ ရက်တွင် ဆွေးနွေးခဲ့သူများအနက် ရွေးကောက်ခံအမတ် ၅ဦး၊ တပ်မတော်သား…
-
ရုပ်သံသတင်း
လွှတ်တော်များတွင် ကာလုံ ဖွဲ့ရန် တပ်မတော်ဆွေးနွေး
အခြေခံဥပဒေပုဒ်မ ၁၁၅ (ခ) နှင့် ၁၄၇ (ခ) တို့တွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့၌ ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်ဟု ပါရှိသော်လည်း ပြီးခဲ့သည့်လွှတ်တော်နှင့် လက်ရှိကျင်းပဆဲလွှတ်တော်တို့တွင် ဖွဲ့စည်းထားခြင်း မရှိပေ။ အဆိုပါပုဒ်မကို ပယ်ဖျက်ပစ်ရန်…
-
ရုပ်သံသတင်း
ပြည်သူ့ဆန္ဒမဲဖြင့်သာ နိုင်ငံရေးတွင် ပါဝင်သင့်ဟု ရခိုင်အမတ်ဆွေးနွေး
နိုင်ငံရေးတွင် အထူးသဖြင့် ဥပဒေပြုလွှတ်တော်တွင် ပါဝင်လိုပါက မည်သူမဆို ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်၍ ပြည်သူ့ရွေးချယ်တင်မြှောက်မှုကို ဂုဏ်သိက္ခာရှိစွာ ရဲရဲကြီးခံယူရန် ရခိုင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်အမတ် ဒေါ်ထုမေက ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးသွားသည်။ [youtube https://youtu.be/7cHqMUoCkCM]