ရုပ်သံသတင်း

တပ်မတော်သားများကို စစ်ဘက်ဆိုင်ရာတရားရုံးမှာသာ စီရင်သင့်သလား

“တပ်မတော်သားများကို စစ်ဘက်ဆိုင်ရာတရားရုံးမှာသာ စီရင်သင့်သလား” တပ်မတော်သားများ၏ စစ်ဘက်ဆိုင်ရာကျူးလွန်မှုများကို စစ်ဘက်တရားရုံးများတွင် စီရင်ဆုံးဖြတ်ခြင်းမှာ သင့်လျော်သော်လည်း အရပ်ဘက်ဆိုင်ရာကျူးလွန်မှုများကိုမူ အရပ်ဘက်တရားရုံးများတွင်သာ စစ်ဆေးသင့်သည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးစဉ် အာဏာရ NLD ပါတီအမတ်က ယနေ့လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။

ထိုမှသာ တပ်မတော်အပေါ် ပြည်သူများက ‘ယုံကြည်ကိုးစားမှု’ ပိုရှိလာမည်ဟု ၎င်းက ဆိုသည်။

လက်ရှိ အခြေခံဥပဒေအရ တပ်မတော်သားများ၏ ပြစ်မှုကျူးလွန်မှုများကို စစ်ဘက်ဆိုင်ရာတရားရုံးများတွင်သာ စစ်ဆေး၊ စီရင်နေခြင်း ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – မင်းမင်း/Myanmar Now

[youtube https://youtu.be/ccA6fu80VmQ]

Related Articles

Back to top button