-
သတင်း
မြန်မာနိုင်ငံမှ တာဝန်ယူမှုရှိရှိ ဆုတ်ခွာသည်ဟု ကမ္ဘာကျော် အထည်အမှတ်တံဆိပ်လုပ်ငန်း ပြော
ဖိအားများကြောင့် မြန်မာနိုင်ငံရှိစက်ရုံများနှင့် တဆင့်ချင်း လက်တွဲဖြုတ်မည်ဟု ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် H&M က ဆုံးဖြတ်ခဲ့ပြီးနောက် အမှာအော်ဒါများ လျော့ကျလာပြီး ရန်ကုန်မြို့ရှိ H&M အမှတ်တံဆိပ်ချုပ်လုပ်သည့်စက်ရုံများအပေါ်ကို ရိုက်ခတ်မှုရှိလာသည်။
-
ဆောင်းပါး
အိမ်အဝေးကအိမ် (သို့မဟုတ်) ပြန်ရန်အခက်ဆုံးတိုင်းပြည်သို့ ပင်နီဆူလာမှလွမ်းချင်း
စင်ကာပူရှိ ပင်နီဆူလာပလာဇာမှာ ရိုးရိုးဈေးဝယ်စင်တာမဟုတ်ဘဲ အိမ်ပြန်ရန်ခက်ခဲမှုကြောင့် မွန်းကျပ်နေသူများ အချင်းချင်း မှီခိုရာ၊ အိမ်လွမ်းစိတ်ကို အစားအသောက်နှင့် စကားသံများဖြင့် ခေတ္တကုစားရာနေရာအဖြစ် အဓိပ္ပာယ်ဆောင်နေသည်။
-
စီးပွားရေး
အဂတိမှုဖြင့် ဦးပိုင်အကြီးတန်းအရာရှိ ၃ ဦး ဖမ်းဆီးခံရ၊ ထိပ်တန်းဗိုလ်ချုပ်များအထိ စုံစမ်းမည်လား မေးခွန်းထုတ်စရာဖြစ်လာ
စီးပွားကူးသန်း၏ အတည်ပြုချက်မရခင် တားမြစ်ကုန် ဟင်းချိုမှုန့်ကို တရုတ်မှသွင်းနေသော ကုမ္ပဏီ၏ သွင်းကုန်လိုင်စင်လျှောက်ထားမှုကိစ္စကြောင့် စစ်တပ်၏ ဦးပိုင်ကုမ္ပဏီအရာရှိ ၃ ဦး ဖမ်းဆီးခံရသော်လည်း အရှုပ်တော်ပုံမှာ ယင်းထက်ပိုကျယ်ပြန့်သည်။ မင်းအောင်လှိုင်၏ လူယုံ ဥက္ကဋ္ဌနှစ်ဦးလက်ထက်တွင် ပုဂ္ဂလိကကုမ္ပဏီအချို့၏ အဂတိမကင်းသော သွင်းကုန်လိုင်စင်…
-
သတင်း
တော်လှန်ရေးရဲဘော် ၂ ဦး အချင်းများစဉ် သေနတ်ချိန်ရာမှ ကျည်မတော်တဆထွက်၊ အနီးရှိ တောင်သာ ပကဖတာဝန်ခံ သေဆုံး
ရုံးစည်ကြီးတိုက်နယ် ပကဖတပ်ဖွဲ့ဝင်နှစ်ဦး၏ လက်နက်များတွင် ကျည်ဘောက် တပ်မထားသော်လည်း သေနတ်ပြောင်းအတွင်း ကျန်နေသော ကျည်တစ်တောင့်က ထွက်သွားပြီး ဇရပ်အုတ်နံရံကို ထိမှန်ကာ ပြန်ကန်၍ မအမရာမောင်၏ ဘယ်ဘက်လက်ပြင်မှတဆင့် နှလုံးကို ထိမှန်ခဲ့သည်ဟု ၎င်း၏ ခင်ပွန်းက ပြောသည်။
-
သတင်း
စစ်တပ်ထိန်းချုပ်လွှတ်တော် အမတ်များအတွက်လစာ ကျပ်သိန်း ၁သောင်းခန့် လစဉ်ကုန်ကျနိုင်
လွှတ်တော်ထဲတွင် အတိုက်အခံမရှိသလို အဓိကနေရာရထားသော ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်များသည် စစ်ယူနီဖောင်းမဝတ်ထားရုံမှလွဲ၍ စစ်တပ်နှင့် အတူတူပင်ဖြစ်ရာ စစ်တပ်အလိုကျသရုပ်ဆောင်ရမည့် ဟန်ပြလွှတ်တော်ဖြစ်သည်ဟု ဝေဖန်ခံနေရသည်။



