-
သတင်း
သဘာ၀ဓာတ်ငွေ့ သိုလှောင်ဆိပ်ကမ်းဆောက်ရန် တရုတ်ကို စစ်ကောင်စီ ချဉ်းကပ်
သဘာဝ ဓာတ်ငွေ့ သိုလှောင်၊ဖြန့်ဖြူးမည့်နေရာတစ်ခု တည်ဆောက်ရန် စစ်ကောင်စီက ဆွေးနွေးနေသည်မှာ ရေနံနှင့်ဓာတ်ငွေ့ကို ရခိုင်မှတရုတ်သို့ ပို့နေသည့် ကုမ္ပဏီ ဖြစ်သည်။
-
သတင်း
မလေးရှားတွင် နှစ်သစ်ကူးချိန် အဖမ်းအဆီးကြမ်း၊ မြန်မာ ၁၀၀၀ နီးပါး ဖမ်းခံထားရ
တစ်နှစ်တာစီမံချက် ပြီးပြတ်ခါနီးတွင် မလေးရှားအစိုးရက အရှိန်မြှင့်ဖမ်းဆီးပြီး ပြန်ပို့ရန် ကြိုးပမ်းနေသဖြင့် မြန်မာ အလုပ်သမားများသည် စစ်ကောင်စီ စစ်သားသစ်အစီအစဉ်ထဲ ရောက်သွားနိုင်သည်။
-
သတင်း
NUG အချုပ်ခန်းမှ သုံ့ပန်း ၃၀ ကျော် တမူးမြို့သို့ ထွက်ပြေးရောက်ရှိ
ရဲအများစု ပါဝင်သော သုံ့ပန်းများ အချုပ်ခန်းမှ လွတ်မြောက်သွားပြီးနောက် မိုင် ၈၀ ခန့်ဝေးသော တမူးမြို့ဘက်သို့ ရောက်ရှိသွားပြီဟု PDF ရဲဘော် တစ်ဦးက ပြောသည်။
-
သတင်း
မြန်မာ့စီးပွားရေးထပ်မံကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်း
ပဋိပက္ခ၊ သဘာ၀ဘေး၊ ကုန်ပစ္စည်း ရှားပါးမှုတို့ကြောင့် ပျက်စီးနေသည့် မြန်မာနိုင်ငံသည် လာမည့် မတ်လတွင် စီးပွားရေးနောက်ပြန်ဆုတ် ဖြစ်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။
-
သတင်း
ရွှေဆိုင်များလိုင်စင်ပြန်လျှောက်၊ ဘဏ်အာမခံငွေသွင်းရန် စစ်ကောင်စီသတ်မှတ်
ဆိုင်တင် ရွှေတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းနှင့်ညီမျှသော ငွေသားကို ဘဏ်တွင် အာမခံထားရမည်ဟူသော စည်းကမ်းချက်အသစ်ကြောင့် အရင်းအနှီး နည်းပါးသည့် ရွှေဆိုင်လုပ်ငန်းရှင်တို့ အခက်တွေ့နိုင်သည်။



