-
သတင်း
ကျိုက်မရောတိုက်ပွဲတွင် အရပ်သား ၃ ဦး သေဆုံး၊ ဒဏ်ရာရသူ များပြား
မွန်ပြည်နယ်အတွင်း တိုက်ပွဲတွင် လေတပ်နှင့် လက်နက်ကြီးကြောင့် ၁၅ နှစ်သမီး၊ စိတ်ဝေဒနာသည်၊ ခရီးသွားတစ်ဦးတို့ သေဆုံးပြီး အများအပြား ဒဏ်ရာရသည်။ စစ်သားနှင့် ရဲ ၈ ဦးလည်း သေဆုံးသည်။
-
သတင်း
ဒီးမော့ဆို မူကြိုကျောင်း လက်နက်ကြီးထိ၊ ၅ နှစ်သမီး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ
ကယားပြည်နယ်ရှိ မူကြိုကျောင်း၊ ဘုရားရှိခိုးကျောင်းတို့ကို စစ်တပ်က ပစ်ခတ်သဖြင့် ခိုလှုံနေသူများ သေဆုံးဒဏ်ရာရနေသည်၊ ထိုနေရာတွင် မနေစေလိုသဖြင့် ပစ်ခတ်ခြင်း ဖြစ်သည်ဟု ယူဆနေကြသည်။
-
သတင်း
ကရင်နီဒေသရှိ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်စခန်းတစ်ခု လက်လွှတ်ခဲ့ရ
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF များ ရာနှင့်ချီ ပေါ်ပေါက်လာသလို PDF တို့အတွက် လက်နက်နှင့် ကျည်လိုအပ်ချက်လည်း များပြားလာနေသည်။ စစ်ပန်းလာသည့် စစ်ကောင်စီတပ်ကမူ လေကြောင်းအားပြု တိုက်ခိုက်လာနေသည်။
-
သတင်း
မော်လမြိုင်မြို့တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ စစ်ကောင်စီဘက်မှ ၂ ဦးသေ
အင်အားသုံးဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် မြို့ပြပြောက်ကျားအဖွဲ့ဝင်လူငယ်များ ငါးဦးလည်း အဖမ်းခံရသည်။
-
သတင်း
ရွှေကျင်တွင် စစ်တပ်စခန်းသုံးခု အတိုက်ခံရပြီးနောက် လူတစ်သောင်းကျော် ထွက်ပြေးရ
ပဲခူးတိုင်းအရှေ့ခြမ်း ရွှေကျင် - ကျောက်ကြီးလမ်းတစ်လျှောက်ရှိ စခန်းသုံးခုကို စီးနင်းတိုက်ခိုက်စဉ် စစ်ကောင်စီဘက်မှ ၁၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံ သိမ်းဆည်းရမိကြောင်း KNU က ထုတ်ပြန်သည်။