-
သတင်း
ဟံသာဝတီဦးဝင်တင်ဖောင်ဒေးရှင်းက ရိုက်တာသတင်းထောက်များနှင့် ဒုရဲမှူးဟောင်းတို့ကို ဂုဏ်ပြု
ဖောင်ဒေးရှင်းသည် ပြီးခဲ့သည့်အကြိမ်ကတည်းက သတင်းထောက်နှစ်ဦးကို ဂုဏ်ပြုရန် ကြေညာပြီးခါမှ ဆိုင်းငံ့ခဲ့ခြင်းဖြစ်ပြီး ထောင်ဒဏ်ချမှတ်ပြီးသည့်နောက်မှ ဂုဏ်ပြုလိုက်ခြင်း ဖြစ်သည်။
-
သတင်း
ကလေးအတွက် အထောက်အထားမပြနိုင်သည့် နိုင်ငံသားကမန်မိဘများ သံတွဲမှ ရန်ကုန်သို့ လာ၍မရ
လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ မြင့်တက်ခဲ့သည့် ရခိုင်တွင် နိုင်ငံသားဖြစ်ရေး အငြင်းပွားနေကြသည့် မွတ်စလင်များအပြင် နိုင်ငံသားဖြစ်ပြီးသား တိုင်းရင်းသား ကမန်မွတ်စလင်များလည်း ခရီးသွားလာရာတွင် မိသားစုဝင်ဖြစ်ကြောင်း အထောက်အထားမပါသည့် ကလေးငယ်များ ခေါ်လာပါက အခက်တွေ့ကြသည်။
-
သတင်း
ဖုယွင်အထည်ချုပ်သပိတ်မှောက်သူများကို ကျန်အလုပ်သမားများက တန်ပြန်သပိတ်မှောက်
အလုပ်မှရပ်စဲခံလိုက်ရသည့် သမဂ္ဂအဖွဲ့ဝင် အလုပ်သမား ၃၀ က ဆန္ဒပြသည့်အနေဖြင့် စက်ရုံ ဝင်ပေါက်တွင် သပိတ်စခန်းဖွင့်ပြီးနောက် ရက် ၂၀ နီးပါးအကြာတွင် အလုပ်ဆင်းနေသူများဘက်ကလည်း တန်ပြန်ဆန္ဒပြပွဲ ပြုလုပ်ကြရာ စက်ရုံဘက်က ရန်တိုက်ပေးသည်ဟု မူလသပိတ်မှောက်သူများက စွပ်စွဲသည်။ (သတင်းအစအဆုံး)
-
သတင်း
ထောင်ကျနေသည့် ကလေးစစ်သားဟောင်း ပုဒ်မတစ်ခုဖြင့် အမှုထပ်ရင်ဆိုင်ရမည်
ကလေးစစ်သားအဖြစ် တပ်မတော်မှ နုတ်ထွက်ခွင့်ရပြီး နှစ်လအကြာမှာပင် ထောင်ထဲပြန်ဝင်ခဲ့ရသည့် ကိုအောင်ကိုထွေးသည် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့် ထပ်တိုးပုဒ်မဖြင့်ပါ အမှုထပ်ရင်ဆိုင်ရဦးမည်ဖြစ်သည်။
-
သတင်း
သတင်းသမားနှစ်ဦး ထောင်ချခံရမှုကို အများအပြားက ကန့်ကွက်
မီဒီယာ လွတ်လပ်ခွင့်ကို အလေးမထားကြောင်း သတင်းသမားနှစ်ဦးကို ထောင်ချလိုက်ခြင်းက ပြသနေသည်ဟု ဝေဖန်သူတို့က ဆိုသည်