-
ရွေးကောက်ပွဲ
ရွေးကောက်ပွဲရလဒ်ကို လက်ခံမည်ဟု တပ်ချုပ်ပြော
ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုတွင် အာဏာရ NLD အစိုးရနှင့် တပ်မတော်ကြား သတင်းထားတင်မာမှုများရှိခဲ့ရာ ရွေးကောက်ပွဲနှင့် ပတ်သက်၍ သတိပေးပြောကြားမှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲရလဒ် လက်သင့်ခံမခံနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယတိပြတ် ပြောဆိုခဲ့ခြင်း မရှိပေ
-
ရွေးကောက်ပွဲ
မဲရုံများတွင် တပ်မတော်သားများကို အရပ်ဝတ်ဖြင့် ချထားရန်ရှိ
မဲရုံပရိဝုဏ်ပြင်ပတွင် တပ်မတော်သားများက အရပ်ဝတ်ဖြင့် ကူညီမည်ဆိုသောအစီအစဉ်မှာ ကိုဗစ်နိုင်တင်းကာလအတွင်းချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် မကိုက်ညီနိုင်၍ သက်ဆိုင်ရာ မြို့နယ်အလိုက် ကန့်ကွက်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ရှိသူက ဆိုသည်
-
ရွေးကောက်ပွဲ
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေကိုယ်တိုင် ကြိုတင်မဲပေး
ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့်ဇနီးတို့ ကျန်းမာစွာဖြင့် ကိုယ်တိုင်ကြိုတင်မဲပေးခဲ့ကြသည်ဟု နေအိမ်အတွင်း ဆန္ဒမဲသွားရောက်ကောက်ခံသည့် ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူက ပြောသည်
-
ရုပ်သံသတင်း
ဦးသန်းရွှေအပါအဝင် ခြောက်လုံးတန်းက ဗိုလ်ချုပ်ကြီးဟောင်းများ ကြိုတင်မဲပေး
စစ်အစိုးရလက်ထက် ထိပ်သီးခေါင်းဆောင် ခြောက်ဦးနေထိုင်ရာ နေပြည်တော်ရှိ ခြောက်လုံးတန်းအိမ်ရာတွင် နိုဝင်ဘာ ၆ရက်က ကြိုတင်မဲလိုက်လံကောက်ခံရာမှာ အသက် ၈၈နှစ်ခန့်အရွယ် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့ ကိုယ်တိုင်ကြိုတင်မဲပေးခဲ့ကြပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူက ပြောသည်။ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု မဲဆန္ဒရှင်စာရင်းထဲတွင်…
-
ရုပ်သံသတင်း
တပ်ချုပ်ပြောကြားချက် မတည်မငြိမ်ဖြစ်ရေးကို အားပေးရာရောက်ဟု သမ္မတရုံး တုံ့ပြန်
ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်နှင့် တပ်မတော်၏ထုတ်ပြန်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေများနှင့် ကိုက်ညီမှုမရှိသလို ထိုပြောကြားချက်များသည် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို အထောက်အကူမဖြစ်စေဘဲ စိုးရိမ်မှုတွေ၊ မတည်ငြိမ်မှုတွေဖြစ်စေရေးကို အားပေးရာရောက်သည်ဟု နိုင်ငံတော်သမ္မတရုံးက တုံ့ပြန်လိုက်သည်။ တပ်မတော်၏ ပြုမူဆောင်ရွက်မှုများသည် မမျှော်မှန်းနိုင်သည့် အခြေအနေများထိ…