အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

တပ်ချုပ်ပြောကြားချက် မတည်မငြိမ်ဖြစ်ရေးကို အားပေးရာရောက်ဟု သမ္မတရုံး တုံ့ပြန်

ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်နှင့် တပ်မတော်၏ထုတ်ပြန်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေများနှင့် ကိုက်ညီမှုမရှိသလို ထိုပြောကြားချက်များသည် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို အထောက်အကူမဖြစ်စေဘဲ စိုးရိမ်မှုတွေ၊ မတည်ငြိမ်မှုတွေဖြစ်စေရေးကို အားပေးရာရောက်သည်ဟု နိုင်ငံတော်သမ္မတရုံးက တုံ့ပြန်လိုက်သည်။ တပ်မတော်၏ ပြုမူဆောင်ရွက်မှုများသည် မမျှော်မှန်းနိုင်သည့် အခြေအနေများထိ ဖြစ်ပေါ်လာနိုင်သည်ဟုဆိုကာ နိုင်ငံရေးပါတီအချို့ခေါင်းဆောင်များနှင့် ပြည်သူများက ပူပန်မှုများရှိနေကြောင်း ထုတ်ဖော်ပြောဆိုမှုများ ရှိနေသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now

[youtube https://youtu.be/doCFG-sDUsc]

Related Articles

Back to top button