
ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ပြောကြားချက်နှင့် တပ်မတော်၏ထုတ်ပြန်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေများနှင့် ကိုက်ညီမှုမရှိသလို ထိုပြောကြားချက်များသည် လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို အထောက်အကူမဖြစ်စေဘဲ စိုးရိမ်မှုတွေ၊ မတည်ငြိမ်မှုတွေဖြစ်စေရေးကို အားပေးရာရောက်သည်ဟု နိုင်ငံတော်သမ္မတရုံးက တုံ့ပြန်လိုက်သည်။ တပ်မတော်၏ ပြုမူဆောင်ရွက်မှုများသည် မမျှော်မှန်းနိုင်သည့် အခြေအနေများထိ ဖြစ်ပေါ်လာနိုင်သည်ဟုဆိုကာ နိုင်ငံရေးပါတီအချို့ခေါင်းဆောင်များနှင့် ပြည်သူများက ပူပန်မှုများရှိနေကြောင်း ထုတ်ဖော်ပြောဆိုမှုများ ရှိနေသည်။
သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now
[youtube https://youtu.be/doCFG-sDUsc]