အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ဦးသန်းရွှေအပါအဝင် ခြောက်လုံးတန်းက ဗိုလ်ချုပ်ကြီးဟောင်းများ ကြိုတင်မဲပေး

စစ်အစိုးရလက်ထက် ထိပ်သီးခေါင်းဆောင် ခြောက်ဦးနေထိုင်ရာ နေပြည်တော်ရှိ ခြောက်လုံးတန်းအိမ်ရာတွင် နိုဝင်ဘာ ၆ရက်က ကြိုတင်မဲလိုက်လံကောက်ခံရာမှာ အသက် ၈၈နှစ်ခန့်အရွယ် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ဇနီးဒေါ်ကြိုင်ကြိုင်တို့ ကိုယ်တိုင်ကြိုတင်မဲပေးခဲ့ကြပြီး ကျန်းမာရေးကောင်းမွန်ကြောင်း ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူက ပြောသည်။ ပုဗ္ဗသီရိမြို့နယ်၊ ညောင်ပင်ကြီးစုကျေးရွာအုပ်စု မဲဆန္ဒရှင်စာရင်းထဲတွင် ခြောက်လုံးတန်းတွင် နေထိုင်ကြသည့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးဟောင်း ဦးမောင်အေး၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း၊ ဗိုလ်ချုပ်ကြီးဟောင်း သီဟသူရဦးတင်အောင်မြင့်ဦးနှင့် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးတို့ ပါဝင်သည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now

[youtube https://youtu.be/ZS0T5tyPZcM]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles