-
သတင်း
လက်ကျန်သက်တမ်းအတွင်း လွှတ်တော်အစည်းအဝေးများ ခေါ်ယူတော့မည်မဟုတ်
လက်ရှိသက်တမ်းအတွင်း တင်သွင်းထားပြီး မဆွေးနွေးရသေးသည့် မေးခွန်းနှင့်အဆိုများ ရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်အခွင့်အရေးများ ဆုံးရှုံးရသည်ဟု လက်ရှိကိုယ်စားလှယ်အချို့က ဝေဖန်သည်
-
သတင်း
ဗစ်တိုးရီးယားအမှုတွင် ၆ လကျော် တရားရင်ဆိုင်ခဲ့သူက ရဲတပ်ဖွဲ့ကို တရားစွဲ
နာမည်ကျော်ဗစ်တိုးရီးယားအမှုတွင် နှစ်ကြိမ်တိုင် ဖမ်းဆီးခံခဲ့ရပြီး ၆ လကျော်ကြာ အချုပ်သားဘဝဖြင့် အမှုရင်ဆိုင်ခဲ့ရသူ ကိုအောင်ကြီး (ခ) ကိုအောင်ကျော်မျိုးက ၎င်း၏ နစ်နာမှုအတွက် ကျပ်သိန်း ၅၀၀၀ ရလိုကြောင်း တရားမမှုအဖြစ်လျှောက်ထားမှုကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက လက်ခံခဲ့သည်
-
သတင်း
အကြိမ် ၂၀၀ နီးပါးအထိ ခွင့်ယူအများဆုံးစာရင်းဝင် အမတ် ၈ ဦး ပြန်လည်ရွေးကောက်ခံရ
အကြိမ် ၁၂၀ မှ ၂၀၀ နီးပါးအထိ ခွင့်ယူသူအများဆုံး ၁၅ ဦးစာရင်းတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၇ ဦးအထိ ပါဝင်နေပြီး ထိုခွင့်ပျက်အများဆုံး ၁၅ ဦးအနက် ၈ ဦးမှာ ၂၀၂၀ ရွေးကောက်ပွဲတွင် ပြန်လည်ရွေးကောက်ခံထားရသည်
-
သတင်း
အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ရာထူးသက်တမ်းမပြည့်မီ အနားယူမည်
စစ်အစိုးရလက်ထက်တွင် ဆက်ဆံရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုများကို တာဝန်ယူဆောင်ရွက်ခဲ့သူ ဦးအောင်ကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရက ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့သည်
-
ရုပ်သံသတင်း
အရှုံးကိုလက်ခံသော်လည်း ကော်မရှင်ဒိုင်လူကြီး၏လုပ်ရပ်ကိုလက်မခံနိုင်ဟု ပြည်ခိုင်ဖြိုးပြော
ပြည်သူ့ဆန္ဒနှင့်အညီ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲအရှုံးရလဒ်ကို လက်ခံနိုင်သော်လည်း ဒိုင်လူကြီးဖြစ်သည့် ရွေးကောက်ပွဲကော်မရှင်၏ မတရားသဖြင့် လုပ်ဆောင်မှုများကိုမူ လက်မခံနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောခွင့်ရသူက ပြောကြားလိုက်သည်။ ပါတီဌာနချုပ်အနေဖြင့် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များကို ကန့်ကွက်ရန် မူဝါဒချမှတ်ထားခြင်းမရှိဘဲ ရွေးကောက်ပွဲရလဒ်အပြီး ပြည်ခိုင်ဖြိုး၏ လှုပ်ရှားမှုများမှာ…