ရုပ်သံသတင်း

အရှုံးကိုလက်ခံသော်လည်း ကော်မရှင်ဒိုင်လူကြီး၏လုပ်ရပ်ကိုလက်မခံနိုင်ဟု ပြည်ခိုင်ဖြိုးပြော

ပြည်သူ့ဆန္ဒနှင့်အညီ ထွက်ပေါ်လာသည့် ရွေးကောက်ပွဲအရှုံးရလဒ်ကို လက်ခံနိုင်သော်လည်း ဒိုင်လူကြီးဖြစ်သည့် ရွေးကောက်ပွဲကော်မရှင်၏ မတရားသဖြင့် လုပ်ဆောင်မှုများကိုမူ လက်မခံနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ပြောခွင့်ရသူက ပြောကြားလိုက်သည်။ ပါတီဌာနချုပ်အနေဖြင့် ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များကို ကန့်ကွက်ရန် မူဝါဒချမှတ်ထားခြင်းမရှိဘဲ ရွေးကောက်ပွဲရလဒ်အပြီး ပြည်ခိုင်ဖြိုး၏ လှုပ်ရှားမှုများမှာ ကော်မရှင်၏ မှန်ကန်မှုမရှိသည့် လုပ်ရပ်များကိုသာ ဖော်ထုတ်နေခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

သတင်းနှင့်ရိုက်ကူး- မင်းမင်း၊ ဉာဏ်လှိုင်လင်း/Myanmar Now

[youtube https://youtu.be/Td8IrMEgAEs]

Show More

Related Articles

Back to top button