-
သတင်း
မွန်နှင့်ကရင်ရှိ အရပ်သားပစ်မှတ် တိုက်ခိုက်ခံရမှုတွင် ၅နှစ်ကလေးနှင့်ဆရာတော် ၁ ပါး သေဆုံး
ကျောင်းထိုင်ဘုန်းကြီး၊ ဘောလုံးကန်နေသည့် ငါးနှစ်သားတို့မှာ ဗုံးကြဲမှု၊ ပစ်ခတ်မှုများကြောင့် သေဆုံးသွားပြီး ကလေးများ အပါအဝင် ၁၂ ဦး ဒဏ်ရာရသွားသည်။
-
သတင်း
စစ်တပ် အာဏာမစွန့်သရွေ့လက်နက်ကိုင်နှင့် နိုင်ငံရေးတိုက်ပွဲများ ဆက်ရှိနေမည်ဟု KNU ဆို
အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ KNU က ၎င်း၏သဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ပြီး စစ်တပ်၏ ရက် ၁၀၀ စီမံချက်အတွင်း နယ်မြေလေးခုတွင် အာဏာသိမ်းစစ်တပ်၏ ထိုးစစ်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်ရှိနေသည်ဟု ပြောသည်။
-
သတင်း
မကွေးတိုင်း ပစ်ခတ်မှုအတွင်း အရှို(ချင်း)တော်လှန်ရေးခေါင်းဆောင်အပါအဝင် ၃ ဦး သေဆုံး
ထောက်ပို့စခန်းရှိရာ သွားနေသည့် အရှို(ချင်း)တပ်မှ လေးဦး စစ်ကြောင်းနှင့်တိုးကာ ပစ်ခတ်ခံရစဉ် သုံးဦး သေဆုံး၊ တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
-
သတင်း
ပအိုဝ်းပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်၏ ဇွန်လ ပန်ဆန်း ခရီးစဉ်အကြောင်း ၂ လအကြာတွင် အသိပေး
စစ်တပ်မဟာမိတ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ် ဦးခွန်သိန်းဖေ ဇွန်လအတွင်း “ဝ“ ဒေသမြို့တော်သို့ သွားရောက်ခဲ့သည်မှာ လက်နက် အရောင်းအဝယ်ကိစ္စမဟုတ်ဘဲ မရောက်ဖူးသဖြင့် သွားရောက်လည်ပတ်ခြင်းဟု ထိုအဖွဲ့က ဆိုသည်။
-
သတင်း
စစ်တပ်နယ်မြေ ကျောင်းတက်မှု မင်းကင်းတွင်တားမြစ်ခြင်းမှာ လုံခြုံရေးကြောင့် ဖြစ်နိုင်သည်ဟု NUG ပြော
မင်းကင်း ပကဖနှင့် ပအဖတို့က ၎င်းတို့ထိန်းချုပ်ဒေသတွင် နေထိုင်သူများ စစ်တပ်ထိန်းချုပ်နယ်မြေတွင် ကျောင်းတက်ခွင့် ပိတ်ပင်ခြင်းမှာ NUG ၏ သဘောထားမဟုတ်ဟု ပညာရေးဝန်ကြီးက ပြောသည်။



