-
သတင်း
ထိုင်းနယ်စပ်နေ မြန်မာဒုက္ခသည် ၉၀ ရာခိုင်နှုန်းခန့် ရိက္ခာထောက်ပံ့ကြေးမရနိုင်တော့
ထိုင်း- မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းကိုးခုမှ မြန်မာဒုက္ခသည် ၉၀ ရာခိုင်နှုန်းဝန်းကျင်သည် ယခု ဖေဖော်ဝါရီလမှစ၍ စားနပ်ရိက္ခာအတွက် ထောက်ပံ့ကြေးမရနိုင်တော့ကြောင်း ဒုက္ခသည်များထံက သိရသည်။
-
သတင်း
ဟိုပုံးတွင် ဘိုးဘပိုင်မြေဧက ၅၆၀ ပေါ်ရှိ အိမ်ထောင်စု ၂၅၀ ကျော်ကို အင်အားသုံးဖယ်ရှားမည်ဟု စစ်တပ်နှင့်ပအိုဝ်းပြည်သူ့စစ်တို့ ခြိမ်းခြောက်
ဟိုပုံးမြို့နှင့်နီးကပ်စွာတည်ရှိပြီး နေရာထိုင်ခင်းအချက်အချာကျသည့် မီးရိုးဖလာပိုင်ထိုမြေများသည် ကာလတန်ဖိုးအရ ဈေးကောင်းရသောနေရာများဖြစ်၍ ဥပဒေနားလည်သူတို့က မြေလွတ်မြေရိုင်းဟု လျှောက်ထားကာ လုပ်ပိုင်ခွင့်ရယူခြင်းဖြစ်သည် ဟုဆိုသည်။
-
သတင်း
နွားထိုးကြီးတွင် ကျေးရွာ ၁၂ ရွာခန့်ကို စစ်တပ်မီးရှို့၊ ဒေသခံတစ်သောင်းခန့်တိမ်းရှောင်နေရ
ပြီးခဲ့သည့်နှစ်များအတွင်း စစ်ကော်မရှင်၏ အုပ်ချုပ်ရေးယန္တယားယိုယွင်းသွားသည်အထိ တော်လှန်ရေးတပ်များက ထိုးစစ်ဆင်ခဲ့ပြီး စစ်တပ်ရွေးကောက်ပွဲလည်း ကျင်းပနိုင်ခြင်းမရှိသည့် နွားထိုးကြီးမြို့နယ်တွင် စစ်တပ်ဘက်က လနှင့်ချီကြာ စစ်ကြောင်းများ ဖြန့်ကျက်ထားရာမှ ယခုလအတွင်း မြို့နယ်မြောက်ခြမ်းရှိကျေးရွာများကို စစ်ကြောင်းဝင်ကာ ဒရုန်းများဖြင့်ဗုံးကြဲ၍ နေအိမ်များကို မီးရှို့နေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
-
သတင်း
ရွှေဝယ်စုဆောင်းမှု ဟန့်တားရန်ဘဏ်ငွေသားထုတ်ခွင့် စစ်ကော်မရှင် ကန့်သတ်ဟုဆို
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ပထမအပတ်တွင် တစ်ကြိမ်လျှင် ကျပ်သိန်း ၅၀ သာ ထုတ်ပေးကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။
-
သတင်း
ရွှေဝယ်လှောင် ဈေးတင်ရောင်းသည်ဆိုကာရန်ကုန်တိုင်း ရွှေအသင်း ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးတို့ကို စစ်ကော်မရှင်ဖမ်းထား
ရန်ကုန်တိုင်းရွှေအသင်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူး တာဝန်ယူထားသူများဖြစ်သည့် သိန်းသန်း စိန်ရွှေ ရတနာဆိုင်ပိုင်ရှင် ဦးမျိုးမြင့်၊အကယ်ဒမီရွှေဆိုင်ပိုင်ရှင် ဦးမျိုးသူဝင်းနှင့် ရွှေစင် အကယ်ဒမီရွှေဆိုင်ပိုင်ရှင် ဦးနေမျိုးထက်တို့ကို စစ်ကော်မရှင်က ဖမ်းဆီးထားသည်။



