-
သတင်း
ကလေးမြို့နယ် နတ်ချောင်းရွာတွင် အသတ်ခံရသူ ၁၉ ဦး၊ မီးရှို့ခံရသည့်အိမ် ၃၀ ရှိ
ဒေသခံ PDF အဖွဲ့များက နယ်မြေရှင်းလင်းနေဆဲဖြစ်ကာ နတ်ချောင်းအနီးဝန်းကျင်ရှိ ရွာများမှ ထိခိုက်ပျက်စီးဆုံးရှုံးမှုစာရင်း မရသေးကြောင်း ၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းလွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရသူက ပြောသည်။
-
သတင်း
မြောင်တွင် စစ်ကောင်စီတပ် မိုင်းဆွဲခံရ၊ ၃ ဦးထက်မနည်းသေဟုဆို
ချင်းတွင်းမြစ်ကမ်းပါးအတိုင်း ခြေကျင်လာသည့် ၂၅ ဦးခန့်ပါ စစ်ကြောင်းကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA) က ပြောသည်။
-
သတင်း
နတ်ချောင်းရွာကို စစ်တပ်က နေ့ညဆက်မီးရှို့ကာ ရဟတ်ယာဉ်ဖြင့် အင်အားဖြည့်
ကလေးမြို့တောင်ဘက် ၁၅ မိုင်အကွာရှိ နတ်ချောင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၇ ညပိုင်းမှစ၍ ဆက်တိုက်မီးရှို့နေပြီး ရဟတ်ယာဉ်များဖြင့် စစ်အင်အားဖြည့်တင်းနေသည်ဟု ဒေသခံ PDF အဖွဲ့ဝင်နှစ်ဦးက ဆိုသည်။
-
သတင်း
ကလေးမြို့နယ်တွင် စစ်တပ်က ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲများပြန်ဖြစ်
ငါးရက်တာဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၃၃ ဦးသေဆုံးကာ ဒေသခံ PDF များဘက်မှ ၂ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရသည်ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
-
သတင်း
မြင်းခြံတွင် ပျူစောထီးအဖွဲ့က ဖမ်းဆီးခဲ့သူတစ်ဦး ၂၄ နာရီအတွင်း သေဆုံး
ပျူစောထီးအဖွဲ့ဝင်များဟု ဒေသခံများ ယုံကြည်ထားသည့် တစ်ရွာတည်းသား လေးဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကာ နောက်တစ်နေ့ နံနက်တွင် အလောင်းလာထုတ်ရန် အကြောင်းကြားခဲ့သည်။