-
သတင်း
သပိတ်မှောက်မန်းတက္ကသိုလ်ကျောင်းသားများကို အရေးမယူဟု ဒုဝန်ကြီးအာမခံ
ဆန္ဒပြပွဲများ အရှိန်မြင့်လာသည့်နောက်တွင် တက္ကသိုလ်ဝင်းအတွင်း တင်ဒါမခေါ်ဘဲ ဆောက်လုပ်ခွင့်ပေးထားသည်ဟု စွပ်စွဲခံထားရသော ပါမောက္ခချုပ်ကိစ္စကို နေပြည်တော်မှ အဖွဲ့က စုံစမ်းစစ်ဆေးတော့မည် ဖြစ်သည်။
-
သတင်း
အမရပူရတွင် NLD ပါတီဝင်အချင်းချင်း ၆၆(ဃ) ဖြင့် အမှုဖွင့်
ပါတီဝင်နှစ်ဦးသည် အချင်းချင်း ရုပ်သံအင်တာဗျူး ပြုလုပ်ကာ အမရပူရမြို့နယ် ပါတီဥက္ကဋ္ဌနှင့် လွှတ်တော် ကိုယ်စားလှယ်တို့အား မဟုတ်မမှန် စွပ်စွဲခြင်းကြောင့် အမှုဖွင့်ရခြင်း ဖြစ်သည်ဟု တရားလိုကပြောပြီး ပါတီတွင်း တချို့နေရာများ၌ ကြီးနိုင်ငယ်ညှဉ်း ဖြစ်ရပ်များရှိမှန်း ခေါင်းဆောင်များသိအောင် တင်ရခြင်းဖြစ်သည်ဟု စွပ်စွဲခံရသူတစ်ဦးက ပြောသည်။
-
သတင်း
အာမခံပယ်ချခံရသည့် ရုပ်သံသတင်းထောက် အစာငတ်ခံဆန္ဒပြမည်ဟုပြော
မန္တလေးအရှေ့ဘက်ရှိ ပုဂ္ဂလိက ဘိလပ်မြေစက်ရုံစီမံကိန်းကို ဆန္ဒပြသည့် ဒေသခံများနှင့် ရဲတို့ ရုန်းရင်းဆန်ခတ် ဖြစ်နေစဉ် သတင်းယူရင်း အဖမ်းခံခဲ့ရသည့် နန္ဒ (တစ်ကိုယ်တော်) သည် ထိုပဋိပက္ခအတွင်း ပြည်သူ့ဝန်ထမ်းအား နာကျင်စေမှု၊ လက်ရောက်မှုများဖြင့် ပုဒ်မတပ်ခံထားရသည်။
-
သတင်း
တပ်နည်းပညာတက္ကသိုလ်တိုက်ခံမှုနှင့် ဆက်စပ်ဖမ်းခံထားရသူ နှစ်ဦး အာမခံဖြင့် ပြန်လွတ်
ခွင့်ပြုချက်မရဘဲ ကိုင်ဆောင်ခွင့်မရှိသည့် ဝိုင်ယာလက် စကားပြောစက်များ လက်ဝယ်တွေ့ရှိမှုဖြင့် အဆိုပါ ရှမ်းညီအစ်ကိုနှစ်ဦးကို ထောင်ဒဏ် တစ်နှစ်အထိ ချနိုင်သည့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် အမှုဖွင့်ထားသည်။
-
သတင်း
“ရှော့တိုက်ဒုံးက တပ်မတော်ကို ပစ်တာမဟုတ်ဘူး၊ ပြင်ဦးလွင်စီးပွားရေးကို ပစ်ခဲ့တာ”
မြောက်ပိုင်းမဟာမိတ်တပ်များ၏ ဩဂုတ်လလယ် အလစ်အငိုက်တိုက်ခိုက်မှုက တောင်ပေါ်အပန်းဖြေမြို့ ပြင်ဦးလွင်၏ ခရီးသွားလုပ်ငန်းကို အကြီးအကျယ်ထိခိုက်စေခဲ့သည်ဟု မြို့ခံစီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။