-
သတင်း
အတိုင်ပင်ခံပုဂ္ဂိုလ် လူထုထောက်ခံပွဲအတွက် ကျောက်ပန်းတောင်း၌ ရန်ပုံငွေကောက်
လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရခြင်းအပေါ် ဦးဆောင် အမှုရင်ဆိုင်မည့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံမည့်ပွဲအတွက် ကျပ်သိန်း ၂၀ ခန့် ကုန်ကျနိုင်သည်ဟု မြို့နယ် NLD က ခန့်မှန်းထားသည်။
-
သတင်း
အထူးအစည်းအဝေးခေါ်ပေးရန် ရန်ကုန်လွှတ်တော်အမတ်များတောင်းဆိုမည်
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်အမတ်များ တိုက်ရိုက်ကြည့်ရှုခွင့် ကန့်သတ်ခံခဲ့ရပြီးနောက် အဆိုပါအခြေအနေကို အမတ်အချို့က ဝေဖန်ခဲ့ကြပြီး လွှတ်တော်အမြန်ဆုံးခေါ်ပေးရေး တောင်းဆိုရန် ပြင်ဆင်နေကြခြင်းဖြစ်သည်။
-
သတင်း
ချင်းပြည်နယ် နယ်စပ်ရွာတစ်ခုတွင် မူလတန်းပြဆရာမ သေနတ်ဖြင့်ပစ်သတ်ခံရ
ဒေါ်လျာဒိမ်းလွန်းမန်သည် တစ်ရွာတည်းနေ အမျိုးသားတစ်ဦးနှင့် အချင်းများပြီးနောက် ထိုသူက “တစ်လုံးထိုး” သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ရွာသားများက ဆေးရုံသို့ ပို့ခဲ့သော်လည်း သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
-
သတင်း
ကွတ်ခိုင်တွင် ကျောင်းကားတစ်စီး တိုက်ခိုက်ခံရ၍ နှစ်ဦးဒဏ်ရာရ
ဧလျာဇာကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းကားတစ်စီးပေါ်ပါသည့် ဆရာနှင့် ယာဉ်မောင်း ထိခိုက်ဒဏ်ရာ ရခဲ့ရာတွင် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့တွင် တာဝန်ရှိမှန်း မရှင်းလင်းပေ။
-
ဆောင်းပါး
ကိုယ့်ပြည်နယ် ကိုယ်အနိုင်ရရေး ဦးစားပေးလာကြသည့် တိုင်းရင်းသားပါတီများ
အာဏာရပါတီ၏ မဟာမိတ်ပြုမှုကို မရနိုင်တော့မှန်း သေချာသွားကြသည့်နောက် တိုင်းရင်းသားပြည်နယ်များမှ ပါတီငယ်များသည် ကိုယ့်ဒေသမှာ ကိုယ်အနိုင်ရရေးအတွက် မဲမကွဲအောင် ပါတီချင်း ပေါင်းစည်းယှဉ်ပြိုင်ကြရန် ကြိုးပမ်းနေကြသည်။