-
သတင်း
ပြည်သူ့ပါတီ ဒုဥက္ကဋ္ဌ ဦးမာကီ ပါတီမှနုတ်ထွက်၊ ပြည်သူ့ပါတီသည် လူထုအကျပ်အတည်း ဖြေရှင်းပေးရန် ပျက်ကွက်နေဟုဝေဖန်
ပါတီထိပ်ပိုင်းရာထူးရထားသော်လည်း ၎င်းအနေဖြင့် အလုပ်သမား၊ လယ်သမားအရေးကဲ့သို့ ပြည်သူများ၏ နစ်နာမှုများကို ပါတီအနေဖြင့် ကူညီဖြေရှင်းခွင့်မရှိခြင်း၊ ပါတီခေါင်းဆောင်အချို့နင့် သဘောထား မတိုက်ဆိုင်ခြင်းတို့ကြောင့် ပြည်သူ့ပါတီမှ နုတ်ထွက်ကြောင်း ဒုဥက္ကဋ္ဌနှင့် ပါတီပူးတွဲတည်ထောင်သူ ဦးမာကီကဆိုသည်။
-
သတင်း
ကြံ့ခိုင်ရေးပါတီကိုပါ အာဏာထပ်သိမ်းရန် ဦးမင်းအောင်လှိုင်ကြိုးစား၊ ပါတီညီလာခံကို ရုတ်တရက်ဆိုင်းငံ့လိုက်ရ
စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်နှင့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များအကြား ပါတီထိပ်ပိုင်းရာထူးများအတွက် အာဏာခွဲဝေမှု မကျေလည်သဖြင့် ယခု စက်တင်ဘာလလယ်တွင် ကျင်းပရန်လျာထားသည့် ပါတီညီလာခံကို ရုတ်တရက်ဆိုင်းငံ့လိုက်သည်။
-
ဆောင်းပါး
နိုင်ငံရေးပါတီအများအပြား ပျောက်ကွယ်သွားအောင် ဦးမင်းအောင်လှိုင် ကြိုးစားလာ
အာဏာသိမ်းခေါင်းဆောင် သမ္မတဖြစ်လာပြီးနောက် တင်းကျပ်သည့် ကန့်သတ်ချက်များဖြင့် နိုင်ငံရေးပါတီအရေအတွက်ကို လျှော့ချရန် ကြိုးစားလာရာ လွှတ်တော်အမတ်လုပ်လိုသူသည် ပြည်တွင်းရှိ တက္ကသိုလ်၊ ကောလိပ်တစ်ခုခုမှ ဘွဲ့ရရမည်ဟု ပြင်ဆင်ထားသည့် ဥပဒေကြမ်းကို စစ်တပ်လွှမ်းမိုးသည့် လွှတ်တော်သို့ တင်သွင်းလိုက်ခြင်းမှာ နောက်ဆုံးခြေလှမ်း ဖြစ်သည်။
-
သတင်း
ဗိုလ်ချုပ်မွေးရပ် နတ်မောက်တွင် လေတပ်လက်ချက်ကြောင့် ကလေးများအပါအဝင် ၅ ဦးသေဆုံး
နိုင်ငံအလယ်ပိုင်း မကွေးတိုင်းအတွင်း ဗုံးကြဲမှုကြောင့် တစ်အိမ်တည်းနေမိသားစုထဲမှ ကလေးငယ်များ အပါအဝင် အရပ်သား ငါးဦး သေဆုံးသွားသည်။
-
သတင်း
NLD ကို အပြီးတိုင်ချေမှုန်းရေး စစ်တပ်ကြိုးပမ်းနေပြီဟု ပါတီတာဝန်ရှိသူများဆို
အာဏာသိမ်းစစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံ မသွားခင် ရက်ပိုင်းအလိုတွင် NLD ပါတီ၏ ရုံးချုပ်နှင့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှေ့တွင် စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ၊ ဆိုင်းဘုတ်များ ဖယ်ရှားခံရသည်။



