အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တိတ်ဆိတ်ခြင်းသပိတ်ကို သတ်မှတ်ချိန်ထက် စော၍ နိုင်ငံအနှံ့ ဆင်နွှဲနေ

ရန်ကုန်အပါအဝင် မြို့ကြီးများတွင် ယနေ့ (ဒီဇင်ဘာ ၁၀) နံနက် အစောပိုင်းမှစ၍ ခြောက်သွေ့တိတ်ဆိတ်သွားကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆင်နွှဲမည့် တိတ်ဆိတ်ခြင်းသပိတ်တွင် ပြည်သူများက ပူးပေါင်းပါဝင်လျက်ရှိသည်။

ယနေ့ ကျရောက်သည့် ကမ္ဘာ့လူ့အခွင့်ရေးနေ့အထိမ်းအမှတ်အနေဖြင့် အာဏာသိမ်းစစ်တပ်၏ အနိုင်ကျင့်၊ နှိပ်စက်၊ သတ်ဖြတ်မှုများကို နိုင်ငံအနှံ့အပြားမှ ပြည်သူများ ရင်ဆိုင်နေရကြောင်း ပြသသည့်အနေဖြင့် တိတ်ဆိတ်ခြင်းသပိတ်တွင် ပါဝင်ကြရန် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လှုံ့ဆော်ထားသဖြင့် လမ်းပေါ်တွင် ထူးထူးခြားခြား အသွားအလာနည်းပါးနေခြင်း ဖြစ်သည်။

တိတ်ဆိတ်ခြင်းသပိတ်ကို အလုပ်မသွား၊ ရုံးမသွား၊ ဈေးမဖွင့်ဘဲ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်ရန် လှုံ့ဆော်ထားကြသော်လည်း သတ်မှတ်ချိန်ရောက်ရန် သုံးလေးနာရီအလိုကတည်းက လမ်းပေါ်တွင် လူရှင်းနေသည်ဟု ရန်ကုန်ဒေသခံတစ်ဦးက ပြောသည်။ 

“လက်ဖက်ရည်ဆိုင်ကြီးတွေမှာတောင် လူသိပ်မရှိဘူး”ဟု ရန်ကုန်မြို့လယ်တွင် ရှိနေသူတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

လက်ရှိတွင် ၁၀ နာရီမတိုင်ခင် တိတ်ဆိတ်ခြင်းသပိတ်ကို ရန်ကုန်ရှိ မြို့နယ်များတွင်သာမက မန္တလေးတိုင်း မိတ္ထီလာ၊ မိုးကုတ်၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်၊ ကလေးမြို့၊ ကန့်ဘလူ၊ တမူး၊ ရေဦးမြို့၊ ရှမ်းပြည်နယ်မြို့တော် တောင်ကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့၊ တနင်္သာရီတိုင်း မြိတ်မြို့၊ လောင်းလုံး၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ နေပြည်တော် လယ်ဝေးတို့တွင်လည်း ယနေ့ နံနက်အစောပိုင်းမှစ၍ လမ်းပေါ်တွင် လူရှင်းနေသည့် ဓာတ်ပုံများကို လူမှုကွန်ရက်စာမျက်နှာပေါ် တင်ထားသည်ကို တွေ့ရသည်။

ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့တွင်း ကားအသွားအလာများမှာလည်း အရင်ကထက် ၈၀%၊ ၉၀ % ခန့် ရှင်းလင်းသွားပြီး ဈေးဆိုင်အများစုလည်း ပိတ်ထားသည်ကို မြင်တွေ့ရသည်။

ထို့ပြင် မနက်စာရောင်းသည့် ဈေးဆိုင်အများစုမှာလည်း ၁၀ နာရီမတိုင်ခင် ပြန်လည်ပိတ်သိမ်းရန် ပြင်ဆင်နေသည်ကို တွေ့ရှိရသည်။

“မနက်စာရောင်းတဲ့ဆိုင်တွေတောင် ပိတ်နေပြီ။ မြို့ထဲက ဆိုင်အများစုနဲ့ ရပ်ကွက်ထဲက ကုန်စုံဆိုင်တွေလည်း ပိတ်ထားကြတယ်။ ရပ်ကွက်ဆိုင်တွေမှာတောင် တံခါးတစ်ချပ်ပိတ်ပြီး ရောင်းနေတယ်။ လိုအပ်တဲ့လူလာဝယ်မှ ရောင်းပေးတာ။ ပုံမှန်ခင်းပြီးရောင်းနေတဲ့ ဆိုင်တွေကတော့ ပိတ်ထားတယ်”ဟု ရန်ကုန်မြို့တွင်းရှိနေသူက ဆိုသည်။

ရန်ကုန်မြို့အတွင်း၌ ရဲကားများလှည့်ပတ်သွားလာနေပြီး အရပ်ဝတ်လုံခြုံရေးဟု ယူဆရနိုင်သူများကို မြို့အတွင်း၌ အများအပြားတွေ့ရကြောင်း သိရသည်။

“ ကမာရွတ် လှည်းတန်းဗဟိုလမ်းမှာ ပိတ်ထားတဲ့ဆိုင်‌တွေကို ပုံလိုက်ရိုက်နေပါတယ်”ဟု အနီးအနားတွင် ရှိနေသူတစ်ဦးက ဆိုသည်။

နေပြည်တော် လယ်ဝေးမြို့ဈေးကြီး နံနက် ၁၁ နာရီ မြင်ကွင်းမှာလည်း နာရီဆိုင်တစ်ဆိုင်နှင့် မုန့်ဆိုင်တချို့သာ ဖွင့်သည်ဟု သွားရောက်လေ့လာခဲ့သူက ပြောသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button