သတင်း

ဆန္ဒပြ ရတနာပုံ တက္ကသိုလ်ကျောင်းသားများ ထောင် ၃ လကျ

မန္တလေးကျောင်းတွင်းလုံခြုံရေးနှင့် သန့်ရှင်းရေး အဆင့်မြှင့်တင်ပေးရန် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းက မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ရှေ့ မီးရှို့ဆန္ဒပြခဲ့ကြသည့် ကျောင်းသား ဦးအား အမရပူရ မြို့နယ် တရားရုံးက အလုပ်နှင့် ထောင်ဒဏ် ချမှတ်လိုက်သည်။

ကနဦးတွင် ၎င်းတို့အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ () မီးရှို့မှု ပုဒ်မ ၄၃၅ နှင့် ငြိမ်းစုစီ ပုဒ်မ ၁၉ တို့ဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှုကို ဖယ်ရှားပေးခဲ့ပြီး မီးရှို့မှုအတွက် အလုပ်နှင့်ထောင်ဒဏ် လ၊ ငြိမ်းစုစီပုဒ်မ(၁၉)အတွက်အလုပ်နှင့် ထောင်ဒဏ် ကျခံစေရန် အမိန့်ချခဲ့သည်။ တရားရုံးက ယင်းပြစ်ဒဏ်များကို တစ်ပေါင်းတည်း ကျခံရမည်ဟု အမိန့်ချခဲ့သောကြောင့် ထောင်ဒဏ် ကျခံရမည်ဖြစ်သည်။

၎င်းတို့သည် ၂၀၁၈ ဒီဇင်ဘာ ၂၈ တွင် ကျောင်းရှေ့ ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြသူများထဲမှ ကိုကျော်သီဟရဲကျော်၊ ကိုရဲမင်းထွန်း ကိုရဲမျိုးဆွေ တို့အား ယင်းနေ့တွင် ဖမ်းဆီးခဲ့ပြီး ကိုဘုန်းမြင့်ကျော်နှင့် အခြား ဦးအား ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ရက်နေ့ကလည်းကောင်း ဖမ်းဆီးထားခြင်းဖြစ်သည်။

ထောင်ဒဏ် အပြစ်ပေးခံရသည့် ကိုရဲမျိုးဆွေက ၎င်းတို့ ဖမ်းဆီးမခံရမီ ရက်ပိုင်းအတွင်း အသက် ၂၂ နှစ်အရွယ် ရတနာပုံတက္ကသိုလ်ကျောင်းသားအား သတ်ဖြတ်ခဲ့သည့် တရားခံအား မဖမ်းဆီးနိုင်ဘဲ ကျောင်းသားများ၏ လုံခြုံရေးတိုးမြှင့်ပေးရန် တောင်းဆိုသူများအား ဖမ်းဆီးခဲ့ခြင်းအတွက် ပြစ်တင်ဝေဖန်ခဲ့သည်။

 “ကျောင်းသားကိုစိုးမိုးဟိန်းကိစ္စဆိုရင် ခုထိ တရားခံမမိသေးဘူး။ လမ်းဘေးမှာ ခွေးတစ်ကောင် သေတာမဟုတ်ဘူး။တက္ကသိုလ် ကျောင်းသားတစ်ယောက်သေတာ။ ကျွန်တော်တို့ကတော့ ထောင်ကထွက်လာလည်း ကိုယ့်ကျောင်းအတွက် ဆက်လက်တောင်းဆိုသွားမှာပါဘဲဟု ၎င်းကပြောသည်။

Show More

Related Articles

Back to top button