အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်တိုင်းဥပဒေချုပ်အသစ်ကို လုပ်ဖော်ကိုင်ဖက်ဟောင်းများက အကောင်းမြင်

လစ်လပ်နေသော ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဥပဒေချုပ်နေရာအတွက် အဆိုပြုခံရသူ ဒေါ်ခင်မျိုးကြည်သည် အစိုးရဝန်ထမ်း သက်တမ်းတစ်လျှောက် နာမည်ပျက်မရှိဘဲ ဖြောင့်မတ်သည့် ဥပဒေအရာရှိဖြစ်ကြောင်း သူ၏ မိတ်ဆွေနှင့် လုပ်ဖော်ကိုင်ဖက်ဟောင်းများက မှတ်ချက်ပေးကြသည်။

အသက် ၆၁နှစ်အရွယ် ဒေါ်ခင်မျိုးကြည်သည် ဖြောင့်ဖြောင့်မတ်မတ်နှင့်တိတိကျကျ လုပ်တတ်သည့် သူ၏အမူအကျင့်ကြောင့် တိုင်းဥပဒေချုပ်နေရာအတွက် အဆိုပြုခံရခြင်းဖြစ်နိုင်ကြောင်း ၁၉၇၄- ၁၉၇၉ နှစ်များက ရန်ကုန် တက္ကသိုလ်တွင် ဥပဒေပညာသင်ကြားစဉ် ရင်းနှီးခဲ့သည့် ကျောင်းနေဖက်သူငယ်ချင်း ဦးမောင်မောင် (မော်ကျွန်း) ကပြောသည်။

“ အဓိကကတော့ ဒီနေရာကိုဖြောင့်ဖြောင့်နဲ့မှန်မှန်လုပ်နိုင်မယ့်သူ၊ အတွေ့အကြုံလဲရှိဖို့လိုတယ်လေ” ဟု စီးပွား/ကူးသန်း ညွှန်ကြားရေးမှူးဟောင်း ဦးမောင်မောင် (မော်ကျွန်း)က ပြောသည်။

နောက်ထပ် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သည့် ရန်ကုန်တိုင်းဥပဒေချုပ်ရုံးမှ အငြိမ်းစား လက်ထောက်တိုင်းဒေသကြီးဥပဒေအရာရှိ ဒေါ်သီတာလွင်ကလည်း ဒေါ်ခင်မျိုးကြည်သည် တိကျပြီးမျှတသည့် ဆုံးဖြတ်ချက်များ ချမှတ်လေ့ရှိ သည့် ဥပဒေအရာရှိဟု လူသိများကြောင်း မှတ်ချက်ပေးသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဆယ်စုနှစ်ပေါင်းများစွာ အမျိုးသားများကိုသာ ခန့်အပ်လေ့ရှိသည့် ရန်ကုန်တိုင်းဥပဒေချုပ်နေရာတွင် ဒေါ်ခင်မျိုးကြည် ခန့်အပ်ခံရခြင်းသည် ထူးခြားကြောင်းလည်း ဒေါ်သီတာလွင်ကဆိုသည်။

ဥပဒေဝန်ထမ်းအဖြစ် ၁၉၈၄မှစ၍ ၃၄နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့်ဇွန်လကမှ ရာထူးမှ အငြိမ်းစားယူခဲ့သည့် ဒေါ်ခင်မျိုးကြည်အား ရန်ကုန်တိုင်းဝန်ကြီးချုပ်က တိုင်းဥပဒေချုပ်နေရာအတွက် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက ယနေ့(စက်တင်ဘာ ၂၆) လွှတ်တော်ကျင်းပစဉ်အတွင်း ကြေညာခဲ့သည်။

ဒေါ်ခင်မျိုးကြည်သည် မန္တလေးမြို့တွင် နေထိုင်နေသူတစ်ဦးဖြစ်ပြီး မန္တလေးတိုင်း ရှေ့နေချုပ်ရုံးခွဲ၊ စစ်ကိုင်းတိုင်းဥပဒေချုပ်ရုံး၊ နေပြည်တော်ရှိ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ကရင်ပြည်နယ်ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အိမ်ထောင်မရှိသူ တစ်ဦးဖြစ်သည်။

ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူးဟောင်း ဒေါ်ခင်မျိုးကြည်သည် ကန့်ကွက်သူမရှိခဲ့ပါက အောင်ရဲထွေးအမှုတွင် အဂတိလိုက်စားကြောင်း စွပ်စွဲခံရပြီးနောက် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၏နေရာတွင် လာမည့်ရက်ပိုင်းအတွင်း အစားထိုးခန့်အပ်ခံရမည် ဖြစ်သည်။

ဆက်စပ်ဖတ်ရှုရန် –

ရန်ကုန်တိုင်းဥပဒေချုပ်ဖြစ်လာမည့်သူက ဘယ်လိုလူမျိုးလဲ

ရန်ကုန်တိုင်းဥပဒေချုပ်ဖြစ်လာမည့်သူက ဘယ်လိုလူမျိုးလဲ

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button