အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်တိုင်းဥပဒေချုပ်ဖြစ်လာမည့်သူက ဘယ်လိုလူမျိုးလဲ

ရန်ကုန် – လစ်လပ်နေသော ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဥပဒေချုပ်နေရာအတွက် အဆိုပြုခံရသူမှာ အသက် ၆၁နှစ်အရွယ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ညွှန်ကြားရေးမှူးဟောင်း ဒေါ်ခင်မျိုးကြည်ဖြစ်သည်။

ဥပဒေဝန်ထမ်းအဖြစ် ၁၉၈၄မှစ၍ ၃၄နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့်ဇွန်လကမှ ရာထူးမှ အငြိမ်းစားယူခဲ့သည့် ဒေါ်ခင်မျိုးကြည်အား ရန်ကုန်တိုင်းဝန်ကြီးချုပ်က တိုင်းဥပဒေချုပ်နေရာအတွက် အဆိုပြုခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းလွှတ်တော်ဥက္ကဋ္ဌက ယနေ့(စက်တင်ဘာ ၂၆) လွှတ်တော်ကျင်းပစဉ်အတွင်း ကြေညာခဲ့သည်။

နေပြည်တော်ရှေ.နေချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ဒေါ်ခင်မျိုးကြည်သည် ထူးချွန်ထက်မြက်သူတစ်ဦးဖြစ်ကြောင်း မှတ်ချက်ပြုသည်။

သူသည် ကန့်ကွက်သူမရှိခဲ့ပါက အောင်ရဲထွေးအမှုတွင် အဂတိလိုက်စားကြောင်း စွပ်စွဲခံရပြီးနောက် ရာထူးမှ ဖယ်ရှားခံခဲ့ရသည့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၏နေရာတွင် အစားထိုးခန့်အပ်ခံရမည် ဖြစ်သည်။

အစိုးရအရာရှိ ဘဝတလျှောက် မန္တလေး၊ မုံရွာ၊ နေပြည်တော်နှင့် ကရင်ပြည်နယ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည့် သူ့အားရန်ကုန်ရှေ့နေနှင့် ဥပဒေအသိုင်းအဝိုင်းတွင် သိရှိသူ ရှားပါးလှသည်။

လစ်လပ်နေသည့် အဆိုပါနေရာတွင် ရန်ကုန်ရှေ့နေအသိုင်းအဝိုင်းမှ နာမည်ကြီး ရှေ့နေတစ်ဦးကို ခန့်အပ်မည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နာမည်စာရင်းတင်သွင်းချိန်ရောက်မှ သူ၏အမည်ကို ကြားသိခဲ့ရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဇော်လင်းက ဆိုသည်။

“ကိုယ့်ရှေ့နေအသိုင်းအဝိုင်းကတောင် ဒီနာမည်ကို အခုမှသိခဲ့ရသူတွေ ဖြစ်တယ်။ ကိုယ့်မိတ်ဆွေဖြစ်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာပါတဲ့ ဥပဒေပညာရှင်ကတောင်မှ သူလည်း ဒီနာမည်ပါ လူအကြောင်း မသိဘူးတဲ့။ ဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ဥပဒေပညာရှင်တွေရဲ့ စီစဉ်မှုဖြစ်လိမ့်မယ်ထင်တယ်” ဟု သူကဆိုသည်။

အသစ်ခန့်အပ်မည့် ဒေါ်ခင်မျိုးကြည်၏ ကိုယ်ရေးရာဇဝင်မှတ်တမ်းများကို စာမျက်နှာ ၅ မျက်နှာနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များကို ဖြန့်ဝေထားပေမယ့် သူ၏နောက်ကြောင်းရာဇဝင်များကို တိတိပပ သိကြခြင်းမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။

ရန်ကုန်တိုင်းဥပဒေချုပ်အဖြစ်အဆိုပြုခံရသည့်ဒေါ်ခင်မျိုးကြည်၏ ကိုယ်ရေးရာဇဝင်

“အခုမှ သူ့ကိုယ်ရေးရာဇဝင်စာရွက်ပဲရတာ။ သူက ဘယ်လိုလူလဲဆိုတာ ကိုယ်တိုင် ဘယ်သိနိုင်မလဲ။ အဲ့ဒီအတွက် ကိုယ်မှမသိတော့ မှတ်ချက်မပြုချင်ဘူး” ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကိုကိုးကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းက ဆိုသည်။

ဒေါ်ခင်မျိုးကြည်သည် မန္တလေးမြို့တွင် နေထိုင်နေသူတစ်ဦးဖြစ်ပြီး မန္တလေးတိုင်း ရှေ့နေချုပ်ရုံးခွဲ၊ စစ်ကိုင်းတိုင်းဥပဒေချုပ်ရုံး၊ နေပြည်တော်ရှိ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ကရင်ပြည်နယ်ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သည့် အိမ်ထောင်မရှိသူတစ်ဦး ဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button