အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်တိုင်းဥပဒေချုပ်သစ် ကျမ်းသစ္စာကျိန်ဆို

ရန်ကုန်တိုင်း တိုင်းဒေသကြီးဥပဒေချုပ်အဖြစ် အသက် ၆၁ နှစ်အရွယ် အငြိမ်းစား ဥပဒေအရာရှိ ဒေါ်ခင်မျိုးကြည်ကို နိုင်ငံတော်သမ္မတ၏ အမိန့်အမှတ် ၃၄/၂၀၁၈ ဖြင့် တရားဝင် အတည်ပြု ခန့်အပ်ကာ ယနေ့ ရန်ကုန်တိုင်းလွှတ်တော်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

“အခုကို ကိုယ့်ကို တိုင်းပြည်တာဝန်ပေး ခန့်အပ်လိုက်တဲ့အတွက်ကြောင့်မို့ ဂုဏ်ယူပါတယ်။ နိုင်ငံတာဝန်ကိုလည်း ကျေပွန်အောင် ထမ်းဆောင်မယ်လို့ ခံယူထားတယ်။

တိုင်းဥပဒေချုပ်နေရာကလည်း လစ်လပ်နေတဲ့ အခါကျတော့ ဒီနေ့ပဲ ကျမ်းကျိန်လိုက်ပြီး ဒီနေ့ပဲ တိုင်းဥပဒေချုပ်တာဝန်ကို စတင်ထမ်းဆောင်ပါပြီ” ဟု သူကဆိုသည်။

ဒေါ်ခင်မျိုးကြည်သည် ၁၉၈၄ ခုနှစ်မှစ၍ ၃၄ နှစ်အကြာ ဥပဒေဝန်ထမ်းအဖြစ် ရာထူးအဆင့်ဆင့်မှ ညွှန်ကြားရေးမှူးတာဝန်အထိ ထမ်းဆောင်ခဲ့သူဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လကမှ အငြိမ်းစားယူခဲ့သူဖြစ်သည်။

ဒေါ်ခင်မျိုးကြည်သည် မန္တလေးမြို့တွင် နေထိုင်နေသူဖြစ်ပြီး မန္တလေးတိုင်း တိုင်းဒေသကြီး ရှေ့နေချုပ်ရုံးခွဲ၊ စစ်ကိုင်းတိုင်း တိုင်းဒေသကြီး ဥပဒေချုပ်ရုံးခွဲ၊ နေပြည်တော်ရှိ ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ကရင်ပြည်နယ်ရှိ ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သောကြောင့် ရန်ကုန်ရှိ ဥပဒေအသိုင်းအဝိုင်းက သိသူနည်းပါးလှသည်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူးသည် ဟာသသရုပ်ဆောင် ကိုအောင်ရဲထွေး သေဆုံးမှုတွင် ကျူးလွန်သူများထံမှ လာဘ်ငွေယူကာ အမှုကို ပြန်ရုပ်သိမ်းခွင့်ပြုခဲ့သည် ဆိုသည့် စွပ်စွဲချက်များဖြင့် မြန်မာနိုင်ငံ အာဂတိ တိုက်ဖျက်ရေးကော်မရှင်၏ တရားစွဲဆိုခံရမှုကြောင့် ရာထူးမှ ထုတ်ပယ်ခံရကာ အချုပ်ဖြင့် တရားရင်ဆိုင်နေရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button