ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ လွယ်ဟွဲရွာအနီး ယမန်နေ့ (နိုဝင်ဘာ ၂) မွန်းလွဲ ၂ နာရီခန့်က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ၃၀၀ ကျော် စစ်ရှောင်နေရသည်ဟု ဖယ်ခုံ PDF ပြောရေးဆိုခွင့် ရှိသူထံမှ သိရသည်။
ယနေ့ မွန်းလွဲပိုင်း ညနေ ၃ နာရီခန့်ကလည်း ဖယ်ခုံမြို့နယ်၊ လွယ်ဟွဲကျေးရွာတွင် စစ်ကောင်စီတပ်က မီးရှို့နေသဖြင့် ဖယ်ခုံ PDF နှင့် ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ် ပြန်ဆုတ်သွားပြီး နေအိမ် ၃ လုံးသာ မီးလောင်ခဲ့ကာ မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု သိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)
[youtube https://youtu.be/BWY1v3D4FQM]