အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန်ကျူးကျော်များကို ကာလရှည်အရစ်ကျစနစ်ဖြင့် တိုက်ခန်းရောင်းနိုင်ရန် မြေနေရာရှာဖွေနေ

(ရန်ကုန်)- ရန်ကုန်နယ်နိမိတ်အတွင်းရှိ ကျူးကျော်များအတွက် ကာလရှည်အရစ်ကျပေးချေနိုင်သည့် တိုက်ခန်းများဆောက်လုပ်ရန် ရောင်းချရန် မြေနေရာရှာဖွေနေကြောင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယမန်နေ့ (သြဂုတ် ၂၄) တွင် ပြောကြားလိုက်သည်။

“သူတို့(ကျူးကျော်တွေ)ကို ကျွန်တော်တို့ မေးပြီးပါပြီ။ သူတို့က ၇သောင်း၊ ၁သိန်းလောက်ဆိုရင် ပေးနိုင်တယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။

ရန်ကုန်တိုင်းအစိုးရ၏ ဒုတိယတစ်နှစ်တာဆောင်ရွက်ချက်များကို ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်က ကျူးကျော်များအတွက် ၂၅နှစ်မှ နှစ်၃၀ထိ အရစ်ကျစနစ်ဖြင့် ရောင်းချမည့်တိုက်ခန်းများအကြောင်း ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

လူဦးရေလေးသိန်းကျော်၊ အိမ်ထောင်စု တစ်သိန်းခွဲကျော်ရှိသည့် ရန်ကုန်ကျူးကျော်ပြဿနာကို ဖြေရှင်းရန် အစိုးရဘက်က အမြဲစဉ်းစားနေရကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ရင်းနှီးမြှုပ်နှံမည့် ငွေကြေးပမာဏကြီးမားနိုင်သည့် အဆိုပါစီမံကိန်းအတွက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူ စီးပွားရေးသမားများကို သေသေချာချာ စိစစ်ပြီး လက်ခံသွားမည်ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

“ဒါဟာ နှစ်ရှည်ချေးငွေတစ်ခုနဲ့ နှစ် ၃၀လောက် ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်။ တဖြည်းဖြည်းဖြေးပြန်ရမယ်။ အကျိုးလည်းရှိမယ်။ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုသေးသေးသမားကတော့ မလုပ်နိုင်ပါဘူး”ဟု ၎င်းက ဆိုသည်။

မြေနေရာဦးထားပြီး စက်မှုလုပ်ငန်းများမလုပ်ကိုင်သည့် ရန်ကုန်စက်မှုဇုန်များရှိ မြေကွက်လွတ်များတွင် စက်မှုလုပ်ငန်းများလုပ်ကိုင်ကြရန် ပိုင်ရှင်များအား တွန်းအားပေးသွားမည်ဟု ဝန်ကြီးချုပ်ကဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles