ရုပ်သံသတင်း

မန္တလေးတွင်စွဲဆိုထားသည့် ဒေါ်အောင်ဆန်းစုကြည်အမှုများ နေပြည်တော်သို့ပြောင်းစစ်မည်

မန္တလေးတိုင်းလွှတ်တော်၌ အဂတိမှုလေးမှုဖြင့် စစ်ကောင်စီက အမှုဖွင့်ထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို အောက်တိုဘာ ၁ရက်မှစ၍ နှစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်းတွင် နေပြည်တော်ကောင်စီဝင်းအတွင်းရှိ အထူးတရားရုံး၌ စစ်ဆေးမည်ဟု ၎င်း၏ ရှေ့နေအဖွဲ့က အတည်ပြုသည်။

အမှုပေါင်း ၁၁ မှုဖြင့် ရင်ဆိုင်နေရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌကို အပတ်စဉ် တနင်္လာ၊ အင်္ဂါတို့တွင် ၅ မှု၊ နှစ်ပတ်တစ်ကြိမ် သောကြာနေ့တိုင်းတွင် ၄ မှု နေပြည်တော်တွင် စစ်ရန် စစ်ကောင်စီက စီစဉ်ထားပြီး ကျန် ၂ မှု၏ အခြေအနေကို မသိရသေးပေ။

[youtube https://youtu.be/WzP87dVd5JQ]

Show More

Related Articles

Back to top button