အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် စစ်ဆေးရေးဂိတ်ကို မြင်၍ ဆိုင်ကယ်ပြန်ကွေ့သူ ပစ်ခတ်ခံရ

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေအနီး ယနေ့ (စက်တင်ဘာ ၁၀) ညနေ၌ စစ်သားများရှိနေသော စစ်ဆေးရေးဂိတ်ကို မြင်၍ ဆိုင်ကယ်ပြန်ကွေ့စဉ် ပစ်ခတ်ခံရပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု မြင်တွေ့ခဲ့သူများအဆိုအရ သိရသည်။

ယနေ့ညနေ ၄ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်သားများက ကိုဗစ်နိုင်တင်းအကြောင်းပြကာ လမ်းပေါ် သွားလာသူများကို တားဆီးစစ်ဆေးနေခြင်းဖြစ်သည်။ 

“အဲ့ဒီဆိုင်ကယ်က ဆီဖြည့်ပြီး ထွက်လာတာ။ ဆီဆိုင်ကနေ ထွက်ပြီး လမ်းကွေ့ကွေ့ချင်းပဲ စစ်သားတွေ စစ်နေတဲ့ဂိတ်ကို မြင်လို့ထင်တယ်။ နောက်ပြန်ကွေ့တာမှာ သေနတ်နဲ့လှမ်းပစ်တာ၊ မှန်သွားတာပဲ သိရတယ်။ ဒဏ်ရာ ဘယ်လိုရသွားလဲတော့ကျွန်တော်တို့လည်း မမြင်ရဘူး”ဟု အဆိုပါနေရာအနီးတွင် ရှိနေခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။

မန္တလေးမြို့၏ မြောက်ဘက်ဝင်ထွက်ပေါက်ဖြစ်သည့် မတ္တရာလမ်းပေါ်တွင် စစ်တပ်က ရွှေကျင်တိုးဂိတ်အနီးနှင့် မန်းလေးတောင်ခြေအနီးတို့ စစ်ဆေးရေးဂိတ် နှစ်ခုထားရှိကာ စစ်ဆေးနေခြင်းဖြစ်သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မန္တလေးမြို့တွင်းတွင် ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်ရန်ဟု အကြောင်းပြကာ ဩဂုတ်လဆန်းမှစ၍ စစ်ဆေးရေးဂိတ်များချပြီး စစ်သားနှင့် ရဲများက ဖုန်းနှင့် ဆိုင်ကယ်များ စစ်ဆေးမှုများ၊ ဖမ်းဆီးမှုများ၊ ငွေညှစ်တောင်းခံမှုများ မကြာခဏ လုပ်ဆောင်နေသည်။

ထို့ကြောင့် စစ်အာဏာရှင်ဆန့်ကျင်မှုအားကောင်းသည့် မန္တလေးမြို့တွင် နေထိုင်သူများက ၎င်းတို့ကို အတတ်နိုင်ဆုံး ရှောင်ကွင်းသွားလာနေကြရသည်။

မန္တလေးတွင်လည်း စစ်ကောင်စီတပ်သားများ၊ အုပ်ချုပ်ရေးရုံးများ၊ စစ်ကောင်စီလက်ပါးစေများ တိုက်ခိုက်ခံရမှု မကြာခဏဖြစ်ပွားနေပြီး ဩဂုတ် ၃ တွင် ​​မဟာအောင်မြေမြို့နယ် ရဲမွန်တောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ဩဂုတ် ၉ တွင် အမှတ် (၁) ရဲစခန်း၊ ​​ဩဂုတ် ၁၁ တွင် ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ဩဂုတ် ၁၈ တွင် ​​​​ချမ်းအေးသာစံမြို့နယ် ရွှေလှံရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဩဂုတ် ၁၉ တွင် ​​ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက် ဧည့်စာရင်းဓမ္မာရုံ၊ ဩဂုတ် ၂၉ တွင် စစ်ယာဉ်တန်း၊ ၃၀ ရက်တွင် ​​ဦးပွားခုံးကျော်တံတားအနီး စစ်ကောင်စီစခန်း၊ စက်တင်ဘာ ၇ တွင် မန္တလေးတောင်ခြေမှ တပ်ရင်းတစ်ခုနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်ရှိ စစ်ကောင်စီရဲကင်းတစ်ခု၊ ​​၈ ရက်တွင် မဟာအောင်မြေမြို့နယ်၊ အုတ်ကျင်းရပ်ကွက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတို့ တိုက်ခိုက်ခံထားရသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button