အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတွင် ဧည့်စာရင်းတိုင်ချိန် ပေါက်ကွဲမှုဖြစ်၊ ငါးဦး ဒဏ်ရာရ

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက် ဓမ္မာရုံတစ်ခုတွင် လူအများအပြား ဧည့်စာရင်းတိုင်နေချိန် ယနေ့(ဩဂုတ်၁၉) ညနေ ၅ နာရီခန့်က ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း မျက်မြင်တွေ့သူ အမျိုးသားတစ်ဦးက အတည်ပြုသည်။

၁၁၇ (D)လမ်း၊ ၄၄ လမ်းနှင့် ၄၅ လမ်းကြား ဓမ္မာရုံတွင် ထိခိုက်သူ ငါးဦးစလုံးမှာ ခြေထောက်နှင့် ရင်ဘတ်တွင် ဒဏ်ရာရရှိခြင်းဖြစ်ပြီး ထိုအထဲမှ ရာအိမ်မှူးတစ်ဦး၏ ဒဏ်ရာ ပြင်းထန်ကြောင်း ထိုသူ့ထံမှ သိရသည်။

“လူက နှစ်ရာနီးပါးလောက်ရှိတယ်။ နေ့လယ် ၂ နာရီလောက်က ဧည့်စာရင်းတိုင်ကြပါဆိုပြီး ရပ်ကွက်ထဲမှာ လိုက်ကြေညာတယ်။ လူတွေအများအပြား ဧည့်စာရင်းတိုင်ကြတာ။ ငါးနာရီလောက်မှာ ‘အုန်း‘ ဆိုတဲ့ အသံတစ်ချက်ကြားရပြီးတော့ ဧည့်စာရင်းတိုင်နေတဲ့လူတွေ အကုန်ပြေးထွက်လာတာ၊ ပစ်တဲ့လူက ၄၄ လမ်းပေါ်ကနေ လာပစ်သွားတယ်လို့ သိရတယ်”ဟု ၎င်းက ပြောသည်။

ပေါက်ကွဲမှုအပြီး မိနစ်ပိုင်းအတွင်း စစ်ကောင်စီတပ်သားအများအပြား ရောက်ရှိလာကာ စစ်ဆေးမှုများလုပ်ဆောင်နေသည်ကို တွေ့ရကြောင်း အထက်ပါအမျိုးသားက ပြောသော်လည်း ဖမ်းဆီးခံရသူရှိမရှိနှင့် ဒဏ်ရာရသူအရေအတွက် အတိအကျကို စုံစမ်း၍ မရသေးပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

မန္တလေးတွင် ဩဂုတ် ၁၆ ရက်မှစ၍ ကိုဗစ်နိုင်တင်းကပ်ရောဂါကို အကြောင်းပြကာ နေ့စဉ် မနက် ၄ နာရီမှ မနက် ၉ နာရီ၊ ညနေ ၃ နာရီမှ ၆ နာရီအတွင်းသာ အပြင်ထွက်ရန် ကန့်သတ်ထားပြီး နေရာအနှံ့ စစ်ဆေးရေးဂိတ်များဖွင့်ကာ စစ်ကောင်စီက လုံခြုံရေးတင်းကျပ်ထားသည်။

သို့သော် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် လက်သင့်မခံဘဲ ပြည်သူကို ရက်စက်စွာ ဖိနှိပ်နေသည့် စစ်တပ်၏ အန္တရာယ်ပြုမှုများ ခြောက်လကျော်လာချိန်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မန္တလေးမြို့တွင် မကြာခဏပေါ်ပေါက်နေသည်။

ယမန်နေ့(ဩဂုတ်၁၈)ကပင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရွှေလှံရပ်ကွက်ရုံးတွင်ရှိနေသည့် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေထွန်း သေနတ်ဖြင့် ပစ်ခံရ၍ သေဆုံးခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button