အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

NUG ၏ ပြည်သူ့တော်လှန်ရေးစတင်သည့်နေ့တွင် Mytel တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်အတွင်းက စစ်တပ်ပိုင် မိုင်တဲတာဝါတိုင် (၁၁) တိုင်နှင့် ဆက်စပ်ပစ္စည်းများကို အမည်မသိအဖွဲ့တစ်ခုက NUG အစိုးရက ပြည်သူ့တော်လှန်ရေးစတင်ကြောင်း ကြေညာသည့် စက်တင်ဘာ (၇)ရက်နေ့တွင် တစ်ချိန်တည်း မိုင်းဖောက်ခွဲဖျက်ဆီးခဲ့သလို မကွေးတိုင်း ပေါက်မြို့နယ် ထန်းတောဦးရွာက Mytel တာဝါတိုင်လည်း ပြည်သူ့တော်လှန်ရေးတပ်မတော် PRA က ဖောက်ခွဲဖျက်ဆီးခဲ့သည်။

ဖုန်းဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သည့် Mytel သည် မြန်မာ့တပ်မတော်နှင့် ဗီယက်နမ်တပ်မတော်တို့ ဖက်စပ်လုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ထိုစီးပွားရေးလုပ်ငန်းများကရရှိသည့် ဝင်ငွေများဖြင့် လက်နက်တွေဝယ်ယူကာ ပြည်သူကို သတ်ဖြတ်ရန် ကြိုးစားနေသောကြောင့် စစ်ကောင်စီ၏ စီးပွားရေးလုပ်ငန်းများဖျက်ဆီးခြင်းသည် တရားမျှတမှုရှိကြောင်း PRA ၏ တာဝန်ရှိသူဆိုသည်။

[youtube https://youtu.be/Z3Hk99FS_uk]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles