အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

“လေလှိုင်းပေါ်က ကြေညာတာ ဟုတ်မဟုတ် လက်တွေ့တိုက်ပွဲတွေက သက်သေပြနေပြီ”

အာဏာသိမ်းစစ်ကောင်စီကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခုခံတော်လှန်ရေးတိုက်ပွဲ စတင်ပြီဟု စက်တင်ဘာ ၇ တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ကြေညာလိုက်ပြီဖြစ်ရာ တိုက်ပွဲဖော်ဆောင်မည့်ပုံစံ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူလူထုက ကူညီပေးနိုင်သည့် အခြေအနေများအပေါ် NUG ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါသည်။

တစ်နိုင်ငံလုံးကို အရေးပေါ်အခြေအနေကြေညာထားသလို စက်တင်ဘာ ၇ကစပြီး ရက်အကန့်အသတ်မရှိ ‘အလုပ်ပိတ်ရက်’ အဖြစ်သတ်မှတ်ထားပြီး “ ဒါက ရုံးမတက်ကြပါနဲ့လို့ တိုက်တွန်းတာ မဟုတ်တော့ဘူး။ ရုံးမတက်ဖို့ တားမြစ်တာဖြစ်တယ်ဆိုတာကိုတော့ သေသေချာချာ ဒါကို ပြောချင်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးက ယခုအင်တာဗျူးတွင် ထည့်ပြောသွားသည်။

[youtube https://youtu.be/H_qFdb_pwbY]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles