အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ပေါင်မြို့နယ်တွင် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပစ်သတ်ခံရ 

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ကတိုက်ကျေးရွာအုပ်စု သဲအိမ်ကျေးရွာတွင် ယမန်နေ့ညပိုင်းက ဟင်းစားထွက်ရှာပြီး ပြန်လာသည့် ဇနီးမောင်နှံကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီး သေဆုံးခဲ့ပြီး အမျိုးသားဖြစ်သူ ဒဏ်ရာရရှိခဲ့သည်ဟု မိသားစုဝင်နှင့် ဒေသခံတစ်ဦးက ပြောသည်။ 

ပစ်ခတ်ခံရပြီး သေဆုံးခဲ့သူ ကိုယ်ဝန်ဆောင်မှာ အသက် ၂၇ နှစ်အရွယ် အိသွယ်မိုးဖြစ်ကာ ၎င်း၏ အမျိုးသားဖြစ်သူ အသ​က် ၂၉ နှစ်အရွယ် ပူးဒေး(ခ) မင်းနေလွင်လည်း မျက်လုံးနှင့် ခြေထောက်တွင် ထိမှန်ဒဏ်ရာရရှိခဲ့သဖြင့် ပေါင်မြို့နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်ဟု သိရသည်။

ကိုယ်ဝန်ငါးလဖြင့် မအိသွယ်မိုးမှာ ပေါင်ရင်းကို ထိမှန်ခဲ့ကာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်ဟု သိရသည်ဟု မိသားစုဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

အဆိုပါဇနီးမောင်နှံမှာ စက်တင်ဘာ ၁ ရက်နေ့ည ၁၀ နာရီခွဲခန့်က ဟင်းစာရှာပြီးအပြန် သဲအိမ်ကျေးရွာ အောင်သစ္စာအောင်မေတ္တာရပ်ကွက်ရှိ ၎င်းတို့နေအိမ်အနီးအရောက်တွင် စစ်ကောင်စီတပ်သားများ၏ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ညအမှောင်တွင် လက်နှိပ်မီးထိုးမိသဖြင့် ပစ်ခတ်ခဲ့ရခြင်းဖြစ်ကြောင်း မိသားစုဝင်က ဆိုသည်။ “သူတို့က အောက်ဆင်းသွားတယ်လေ။ လက်နှိပ်ဓာတ်မီးထိုးမိလို့တဲ့” ဟု ၎င်းက ပြောသည်။ 

ပေါင်မြို့နယ် ကတိုက်ကျေးရွာအုပ်စု သဲအိမ်ကျေးရွာတွင် နေထိုင်သူ ကိုမင်းနေလွင်နှင့် မအိသွယ်မိုးတို့တွင် အသက်လေးနှစ်အရွယ် သမီးငယ်တစ်ဦး ရှိသည်ဟုလည်း သိရသည်။ 

ကတိုက်ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်က ကင်းလှည့်နေစဉ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ သေနတ် သံ ၁၀ ချက်နီးပါး ကြားခဲ့ကြောင်းနှင့် စစ်သားများသည် ပစ်ခတ်ပြီးနောက် ထိုနေရာမှ ထွက်ခွာသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ 

“သူတို့(စစ်တပ်) ဘက်က ပစ်ပြီးတော့ ပစ်ထားခဲ့တာ။ ဂရုမစိုက်တဲ့ပုံစံမျိုးပဲ” ဟု အဆိုပါ ဒေသခံအမျိုးသားက ပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီလက်ချက်ဖြင့် ဖေဖော်ဝါရီလ ၁ မှ စက်တင်ဘာ ၁ အထိ လူပေါင်း ၁၀၄၁ ဦး သေဆုံးခဲ့ပြီး ၇၇၄၂ ဦး ဖမ်းဆီးထိန်းသိမ်းခံနေရသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pe

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button