အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
နိုင်ငံတကာသတင်းသတင်း

အာဖဂန်လေဆိပ် ဗုံးခွဲတိုက်ခိုက်ခံရ၊ ကန်တပ်ဖွဲ့ဝင် ၁၃ ဦးအပါအဝင် ၇၀ ကျော် သေဆုံး

အာဖဂန်နစ္စတန်မြို့တော် ကဘူးလ်မြို့တော်လေဆိပ်အနီး ယမန်နေ့ (ဩဂုတ် ၂၆) က ဗုံးပေါက်ကွဲမှုများနှင့် သေနတ်ပစ်ခတ်မှုတစ်ခုကြောင့် အနည်းဆုံး အမေရိကန် ၁၃ ဦးနှင့် အာဖဂန်အရပ်သား ၆၀ သေဆုံးခဲ့သည်။

အမေရိကန်တပ်ဖွဲ့ဝင်များ အာဖဂန်မှ ရုပ်သိမ်းနေစဉ် မြို့တော်ကဘူးလ်မြို့ရှိ ဟာမစ်ကာဇိုင်းလေဆိပ်အနီးတွင် အသေခံဗုံးခွဲသူနှစ်ဦးနှင့် သေနတ်ပစ်ခတ်မှုတစ်ခုကြောင့် အသေအပျောက်များခဲ့ခြင်းဖြစ်ကြောင်း The Guardian သတင်းစာက ရေးသားသည်။

အဆိုပါတိုက်ခိုက်မှုမှာ IS (Islamic State) အဖွဲ့လက်ချက်ဖြစ်သည်ဟု ယူဆရပြီး အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ ထွက်ခွာချိန်တွင် အာဖဂန်နိုင်ငံကို ထိန်းချုပ်လာနိုင်သော တာလီဘန်တို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်သည်ဟုလည်း သတင်းက ဆိုသည်။

ဆယ်နှစ်တာအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များအတွက် အသေအပျောက်အများဆုံး နေ့ရက်ဖြစ်ကာ အကြမ်းဖက်သမားများ၏ ဟန့်တားနှောင့်ယှက်မှုကို လက်ခံမည်မဟုတ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားသည်။ 

“လက်တုံ့ပြန်သွားဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ ဒီတိုက်ခိုက်မှုအပေါ် ခွင့်လွှတ်မှာ မဟုတ်သလို မေ့သွားမှာလည်း မဟုတ်ပါဘူး။ ပြန်ပေးဆပ်စေဖို့ လိုက်လံချေမှုန်းသွားမှာဖြစ်ပါတယ်” ဟု ကန်သမ္မတက ဆိုသည်။ 

တိုက်ခိုက်မှုဖြစ်တော့မည့်အကြောင်း ခြိမ်းခြောက်မှုများရှိနေသည်ကို ထောက်လှမ်းရေးအေဂျင်စီများက သတိပေးပြီးနာရီအပိုင်းအတွင်း အသေခံဗုံးခွဲသမားနှစ်ဦးနှင့် သေနတ်သမားတစ်ဦးက ကဘူးလ်မြို့ နိုင်ငံတကာလေဆိပ်၏ အဓိကဝင် ပေါက်အနီးတွင် အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် ဒါဇင်နှင့်ချီသော သေဆုံးမှုများအပြင် အမေရိကန် ၁၅ ဦးနှင့် အာဖဂန် ၁၄၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟုလည်း The Guardian သတင်းတွင် ဖော်ပြသည်။

အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို IS အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကာ တာလီဘန်နှင့် ပူးပေါင်းဆောင်ရွက်ရေးကို ကဖျက်ယဖျက်လုပ်ခြင်းဖြစ်သည်ဟု အမေရိကန်ဗိုလ်ချုပ်ကြီး Kenneth McKenzie က ပြောကြားသည်။

အမေရိကန်အနေဖြင့် တာလီဘန်များနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ ကျယ်ကျယ်ပြန့်ပြန့် လုံခြုံရေးတင်းကျပ်ထားပေးရန်၊ လေဆိပ်ပတ်ဝန်းကျင်နှင့် လာရာလမ်းမများကို ပိတ်ပင်ထားရေး တာလီဘန်များကို တောင်းဆိုထားသည်ဟုလည်း ဗိုလ်ချုပ်ကြီး Kenneth McKenzie က ဆိုသည်။ 

အမေရိကန်နိုင်ငံသားများအပါအဝင် အာဖဂန်အရပ်သားပြည်သူများကို ရွှေ့ပြောင်းပေးရေးကို အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။ 

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button