အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အမေကို ဓားစာခံလုပ်ထားသဖြင့် သမီး CDM ဆရာမ အဖမ်းခံ

မူလတန်းပြဆရာမ သွားရောက် အဖမ်းခံအပြီးတွင် စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ခေါ်ထားသည့် မိခင်ဖြစ်သူ ပြန်လွတ်မြောက်လာသည့် ဖြစ်စဉ် မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် မကြာသေးခင်ရက်ပိုင်းအတွင်းက ပေါ်ပေါက်ခဲ့သည်။ 

အမှတ် ၄ ရပ်ကွက်ရှိ အထက်တန်းကျောင်းတွင် ၀င်ရောက်နေထိုင်ကြသော စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့ အလိုရှိနေသည့် ၂၈နှစ်အရွယ် မူလတန်းပြဆရာမ ဒေါ်ကေသီခိုင်ကို မမိ၍ အသက် ၅၀ အရွယ် မိခင်ဖြစ်သူကို ဩဂုတ် ၁၉တွင် ဓားစာခံအဖြစ် ဖမ်းခေါ်ထားခဲ့ခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောသည်။

နောက်နှစ်ရက်အကြာ (ဩဂုတ်၂၁)တွင် ကျောင်းဆရာမ သွားရောက်အဖမ်းခံမှသာ မိခင်ဖြစ်သူကို ပြန်လွှတ်ပေးခဲ့ကြောင်း၊ စာသင်ကျောင်းတွင် ဖမ်းဆီးခံထားရသည်ဟု ယူဆနေကြသည့် ဆရာမ၏ အခြေအနေကို ယနေ့(ဩဂုတ်၂၅)အထိ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။  

ဆရာမ ဒေါ်ကေသီခိုင်သည် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသူတစ်ဦး ဖြစ်သည်။  

တပ်စွဲထားသည့် အထက်တန်းကျောင်းရှိရာ မြင်းခြံမြို့ အမှတ် ၄ ရပ်ကွက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရမ်းကားမှုများကို ကြုံရလေ့ရှိပြီး ဩဂုတ် ၁၂ က အသက်တစ်နှစ်အရွယ် ကလေးငယ် သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ်မှာ ထင်ရှားသည်။

ဓားစာခံအဖြစ် အဖမ်းခံထားရသည့် ဆရာမ၏ မိခင်ဖြစ်သူကို ဆက်သွယ်မေးမြန်း၍ မရသေးပေ။

စစ်တပ်အာဏာသိမ်းမှုအပြီး ပြည်သူလူထုသည် ယခင်က မကြားဖူးခဲ့သော ဖြစ်ရပ်ဆိုးများကို အဆက်မပြတ် ကြုံတွေ့နေရသည်။

ပစ်မှတ်ထား ဖမ်းဆီးလိုသူ တိမ်းရှောင်နေပါက စစ်ကောင်စီတပ်သားတို့က မိသားစုဝင်များကို ဖမ်းဆီးခေါ်ဆောင်သွားလေ့ရှိသည်။

ဖမ်းဆီးထားသူများကိုလည်း မိသားစုနှင့် တွေ့ဆုံခွင့်ပိတ်ပင်ထားသည်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Donate here > https://www.userroll.com/site/register/m1f6pen

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button