သတင်း

ထောင်တွင်းအကျဉ်းသားများ ပြည့်ကျပ်နေသည့် အခြေအနေ သမ္မတထံ လူ့အခွင့်အရေးကော်မရှင် တင်ပြ

အကျဉ်းထောင်များအတွင်း အကျဉ်းသားဦးရေ အဆမတန် ပြည့်ကျပ်နေခြင်းကို အဖြေရှာရန် သမ္မတထံ အစီရင်ခံစာတစ်စောင် ပေးပို့ရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က ပြင်ဆင်နေသည်။

၂၀၁၈ အတွင်း နိုင်ငံအနှံ့ရှိ အကျဉ်းထောင်နှင့် ရဲဘက်စခန်း ၉၀ ကျော်အား သွားရောက်စစ်ဆေးခဲ့ရာတွင် ထောင်အချို့တွင် လက်ခံနိုင်သည့် အကျဉ်းသားဦးရေ၏ တစ်ဆမှ နှစ်ဆအထိ ပိုမိုချုပ်နှောင်ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်ကပြောသည်။

အဓိကကတော့ မူးယစ်ဆေးလေး ပြား၊ ပြားလောက်နဲ့ ထောင်ကျနေတယ်။ အများကြီးမိတဲ့သူတွေက နည်းနည်းလေး။ နောက် တချို့အမှုတွေမှာ ပုဂ္ဂိုလ်ရေး မကြည်လင်မှုကနေ ငွေကြေးလိမ်လည်ပါတယ်ဆိုပြီး အာမခံမပေးနိုင်တဲ့ ပုဒ်မတွေနဲ့ ထောင်အချုပ်ထဲမှာ နှစ်နဲ့ချီ တရားရင်ဆိုင်ရတာမျိုးတွေ အများကြီး တွေ့ခဲ့ရတယ်။ ဒါတွေက ထောင်တွေထဲမှာ လူတွေကျပ်တည်းမှုဖြစ်ကုန်ရောဟု သူက ဆိုသည်။

မြစ်ကြီးနား၊ ညောင်ရွှေနှင့် လားရှိုးထောင်များတွင် သတ်မှတ်လူဦးရေထက် နှစ်ဆ များပြားနေသည်ကိုတွေ့ရပြီး မန္တလေးထောင်၊ မိုးညှင်းထောင်၊ အင်းစိန်ထောင်ကဲ့သို့ မြို့ပြများရှိ ထောင်များတွင်လည်း သတ်မှတ်လူဦးရေထက် တစ်ဆ ကျော်လွန်နေသည်ကို တွေ့ရှိရသည်ဟု သူက ဆက်ပြောသည်။

ထိုကဲ့သို့ အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေ အဆမတန် များပြားနေခြင်းက ကျန်းမာရေးဆိုင်ရာ ပြဿနာများအပြင် နိုင်ငံတော်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေကြောင်း၊ ယင်းပြဿနာကို ဖြေရှင်းရန် အကျဉ်းသားများအား စိစစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့်များပေးရေးအတွက် သမ္မတထံ အကြံပြုချက်များ အစီရင်ခံစာတွင် ထည့်သွင်းသွားမည်ဟု ဦးယုလွင်အောင်က ပြောသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၁၈ ခုနှစ်ဆန်းမှစ၍ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၄ ခု၊ အကျဉ်းအလုပ်စခန်း ၄၇ ခုအထိ လူ့အခွင့်အရေးဆိုင်ရာများ သွားရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

၎င်းတို့၏ လေ့လာမှုများတွင် အကျဉ်းထောင်များအတွင်း အကျဉ်းသားနှင့် ဝန်ထမ်းဦးရေ မမျှမတခြင်း၊ အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ဘတ်ဂျက်နှင့် ဆရာဝန်အင်အား မလုံလောက်ခြင်း တို့ကိုလည်း တွေ့ရှိခဲ့ရကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် တရားစီရင်ရေးမဟာဗျူဟာစီမံကိန်း ( ၂၀၁၈၂၀၂၂ ) ဆိုသည့် မိတ်ဆက်ရှင်းလင်းပွဲတွင်လည်း မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များနှင့် အကျဉ်းစခန်း ၉၀ ကျော်တွင် အကျဉ်းသားဦးရေ  သောင်းကျော်ကို ထိန်းသိမ်းထားပြီး အကျဉ်းဦးစီးဌာန၏ ဝန်ထမ်းတစ်ယောက်သည် အကျဉ်းသား ၂၀၀ နီးပါးကို ထိန်းသိမ်းနေရကြောင်း အကျဉ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးမြင့်စိုးက ပြောဆိုခဲ့ဖူးသည်။

Related Articles

Back to top button