အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ငါန်းဇွန် NLD အမတ်၏ မိသားစုဝင် သုံးဦးကို စစ်ကောင်စီဖမ်းဆီး 

ဝရမ်းထုတ်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ငါန်းဇွန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးနိုင်၏ မိသားစုဝင်သုံးဦးကို ယမန်နေ့ (ဇွန် ၂၀) နံနက်ပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟု သိရသည်။ 

ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ ၅၀၅-က ဖြင့် စစ်ကောင်စီ၏ အမှုဖွင့်ခံထားရသူ တိုင်းလွှတ်တော်အမတ် ဦးကျော်စိုးနိုင်၏ မိသားစုဝင်များမှာ မြစ်သားမြို့နယ်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။

“ကိုကျော်စိုးနိုင်က သီးခြားနေနေတာ။ မိသားစုဝင်တွေက သီးခြားရှောင်နေတာ။ မြစ်သားမှာ ရှောင်နေရင်းနဲ့ မနေ့မနက်က ဝင်ပြီးဖမ်းဆီးသွားတယ်” ဟု ထိုသူက ပြောသည်။

ဖမ်းဆီးခံရသူများမှာ ဦးကျော်စိုးနိုင်ဇနီး ဒေါ်စုစုဌေး၊ သားဖြစ်သူ ၁၈ နှစ် ခန့်အရွယ် တက္ကသိုလ်ကျောင်းသား ကိုကောင်းမြတ်နိုင်၊ သမီးဖြစ်သူ ၁၄ နှစ်အရွယ် ရှစ်တန်းကျောင်းသူ မမေထူးနိုင်တို့ဖြစ်ပြီး ခေတ္တနေထိုင်နေသည့် မြစ်သားမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းတစ်ခုတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးကျော်စိုးနိုင်ကို ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ဖမ်းဝရမ်းထုတ်ခဲ့သည့်အပြင် ငါးဇွန်မြို့နယ်ရှိ ၎င်း၏နေအိမ်ကိုလည်း စစ်တပ်က နှစ်ကြိမ်တိုင် ဝင်ရောက်စီးနင်းရှာဖွေပြီးဖြစ်ကြောင်း အထက်ပါ မိသားစုနှင့် နီးစပ်သူက ပြောသော်လည်း နေ့ရက်အတိအကျကိုမူ အတည်မပြုနိုင်သေးပေ။ 

၎င်းတို့မိသားစုနှင့် နီးစပ်သည့် မိတ်ဆွေများကမူ အလိုရှိသူကို မမိ၍ မိသားစုကို ဓားစာခံအဖြစ် ဖမ်းဆီးသည့် လုပ်ရပ်မှာ ဥပဒေနှင့် မညီညွတ်ဟု မှတ်ချက်ပြုသည်။

“ကာယကံရှင်ကို မမိလို့ မိသားစုကို ဖမ်းတယ်ဆိုတာတော့ မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်ဥပဒေမှာမှ ဒါကို ပြဋ္ဌာန်းမထားဘူး။ ဒါကြောင့်မို့လို့ ဒါက လက်သင့်ခံလို့မရတဲ့ အကြောင်းအရာပေါ့”ဟု ဦးကျော်စိုးနိုင်၏ နောက်ထပ်မိတ်ဆွေတစ်ဦးက ပြောသည်။

စစ်ကောင်စီကမူ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးကတည်းက ၎င်းတို့အလိုရှိသူများကို မမိလျှင် မိသားစုဝင်များကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ထောင်ဒဏ်ချမှတ်ခြင်းများ လုပ်ဆောင်လေ့ရှိသည်။

မိုးကုတ်မြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစိုးဌေးကို မမိသဖြင့် အသက် ၅ နှစ်အရွယ် သမီးငယ်အပါအဝင် မိသားစုဝင် ၃ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ဖူးသည်။ သီတင်းပတ်သုံးပတ်နီးပါးအကြာတွင် ကလေးငယ်ကို ပြန်လွှတ်ပေးလိုက်သော်လည်း ဦးစိုးဌေး၏ ဇနီးနှင့် သမီးအကြီးကို ပုဒ်မ ၅၀၅ – ကဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်သည်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ဇွန် ၄ရက်စာရင်းအရ ဓားစာခံအဖြစ် စစ်ကောင်စီဖမ်းဆီးထားသူပေါင်း ၄၅ ဦးထက်မနည်းရှိနေသည်။ စစ်ကောင်စီကမူ ထိုသို့ မိသားစုဝင်များဖမ်းဆီးခြင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button