အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်ဒဂုံတွင် မဘသဟု နာမည်ကျော်သူတစ်ဦး ပစ်သတ်ခံရ

ရန်ကုန်၊ တောင်ဒဂုံမြို့နယ် ၅၃ ရပ်ကွက်အတွင်း အမျိုးသားရေးအမည်ခံ တက်ကြွလှုပ်ရှားသူတစ်ဦး ယမန်နေ့(ဇူလိုင် ၁၄) ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကားလျက် ဒေသခံနှစ်ဦးက အတည်ပြုသည်။

အသက် ၅၀ အရွယ် ဦးတင်ထွန်းအောင် သုခမြိုင်လမ်း နေအိမ်အနီးတွင်ရှိနေစဉ် အမျိုးသားတစ်ဦးက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သေနတ် နဲ့ နှစ်ချက် အပစ်ခံရတာခင်ဗျ၊ နေအိမ်နားမှာပဲခင်ဗျ၊ ရင်ဘတ်ကို။ ဆေးရုံရောက်တော့ သေသွားတယ်” ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။ 

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက ရပ်ကွက်အတွင်း ပိတ်ဆို့ရှာဖွေခဲ့သည်ဟု သိရသော်လည်း ဖမ်းဆီးခံရသူရှိမရှိကိုမူ အတည်မပြုနိုင်သေးပေ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဦးတင်ထွန်းအောင်မှာ စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးအမည်ခံ တက်ကြွလှုပ်ရှားသူဖြစ်သလို ဝံသပါလပရဟိတ အသင်းဥက္ကဋ္ဌလည်းဖြစ်သည်ဟု သိရကြောင်း အထက်ပါတောင်ဒဂုံဒေသခံက ပြောသည်။ 

“အာဏာသိမ်းပြီးနောက်ပိုင်း သူက ဒလန်လုပ်နေတာ။ ရပ်ကွက်ထဲက သတင်းတွေကို စစ်ကောင်စီကို ပေးနေတာ”ဟု ၎င်းက ဆက်ပြောသည်။

ဦးတင်ထွန်းအောင်သည် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အကြမ်းဖက်အဖွဲ့အဖြစ် နာမည်ကျော်သည့် ပျူစောထီးအဖွဲ့ဝင်ဖြစ်သည်ဟု ယူဆကြောင်း တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ အခြားအမျိုးသားတစ်ဦးက ပြောသည်။ 

ဦးတင်ထွန်းအောင် ပစ်သတ်ခံရသည်မှာ ဟုတ်မှန်ကြောင်း နာမည်ကျော် အမျိုးသားရေးအမည်ခံ တက်ကြွလှုပ်ရှားသူ နောင်တော်လေးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရပြီး စစ်ကောင်စီကမူ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ 

စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တောင်ဒဂုံမြို့နယ်တွင် ဇွန် ၂၈ ရက်က ( ၇၂ ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးမ ဒေါ်မြတ်မြတ်ထွေး ပစ်သတ်ခံခဲ့ရသည်။

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်သည့် တောင်ဒဂုံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးပင်သုံး၍ ပစ်ခတ်ဖြိုခွင်းခဲ့ဖူးသဖြင့် အရပ်သားအများအပြား သေကျေဒဏ်ရာရဖူးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button