အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြင်းခြံမြို့ပေါ်တွင် စစ်သုံးယာဉ်တစ်စီး ဗုံးခွဲတိုက်ခိုက်ခံရ

မြင်းခြံမြို့တွင် ကင်းလှည့်နေသည့် စစ်တပ်သုံးယာဉ်ငယ်တစ်စီး ယနေ့(ဇူလိုင် ၁၃) နံနက် ၁၁ နာရီခွဲခန့်တွင် ဗုံးခွဲတိုက်ခိုက်ခံရသည်ဟု မျက်မြင်သက်သေတစ်ဦးကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကားနှစ်စီး မြင်းခြံမြို့ပန်းခြံအနီး နှစ်ကျိပ်ရှစ်ဆူဘုရားလမ်းထိပ်အရောက်၌ ရှေ့မှသွားသည့်ကား ဗုံးထိခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း သူက ဆက်ပြောသည်။

“ဗုံးက ​ထောင်ထားတာလို့ သိရတယ်ဗျ။ အနည်းဆုံး ၃​ယောက်ထိတယ်ဗျ။ ​သေဆုံး မသိရ​သေးဘူးဗျ”ဟု ၎င်းကဆိုသည်။

ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် ယာဉ်ပေါ်တွင်လိုက်ပါလာသည့် စစ်သားများက ပတ်ဝန်းကျင်ကို ရမ်းသန်းပစ်ခတ်ခဲ့၍ “မှူးမှူး” အကင်ဆိုင်မှ အမျိုးသမီးတစ်ဦး ကျည်ထိမှန်ဒဏ်ရာရသည်ဟု သိရသော်လည်း အသေးစိတ်အခြေအနေကို အတည်မပြုနိုင်သေးပါ။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

အခြားဒေသခံတစ်ဦးကလည်း အဆိုပါဖြစ်စဉ်ပေါ်ပေါက်ခဲ့ကြောင်း အတည်ပြုပြီး လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြင်းခြံမြို့အတွင်း ပိတ်ဆို့ရှာဖွေနေကြောင်း ဆက်ပြောသည်။

“ဗုံးတစ်လုံးက ရဲကားပေါ်မှာ ကွဲတယ်လို့ကြားတယ်။ မြို့ထဲထိ လိုက်ပစ်တယ်ကြားတယ်။ စက်သေနတ်နဲ့ပစ်တယ်လို့ကြားတယ်။ အခြေအနေကတော့ ရှုပ်ယှက်ခတ်နေတာပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

မြင်းခြံမြို့သည် ဖေဖော်ဝါရီ ၁မှစ၍ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ဆန့်ကျင်နေသည့် မြို့များအနက် တစ်မြို့ဖြစ်ပြီး ဆန္ဒပြမှုများအားကောင်းချိန် မတ်၊ ဧပြီလတို့၌ စစ်တပ်၏ ရက်စက်စွာနှိမ်နင်းပစ်ခတ်မှုများကို အလူးအလဲခံခဲ့ရဖူးသည်။

ယင်းနောက် စစ်ကောင်စီ၏ အန္တရာယ်မှ ကာကွယ်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နိုင်ငံအနှံ့ ဖွဲ့စည်းကြရာတွင် မြင်းခြံမြို့သည်လည်း အပါအဝင်ဖြစ်ခဲ့ပြီး စစ်တပ်သတင်းပေး(ဒလန်)နှင့် အုပ်ချုပ်ရေးယန္တရားကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ မကြာခဏဖြစ်ပွားနေသည်။

စစ်သုံးယာဉ်တိုက်ခိုက်ခံရသည့် ဖြစ်စဉ်နှင့် စပ်လျဉ်း၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button