အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဗိုလ်ချုပ်ဂွန်မော် ရှမ်းမြောက်ခရီးစဉ်တွင် TNLA၊ MNDAA၊ SSPP တို့နှင့် တွေ့ဆုံ

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)ထိပ်ပိုင်းခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ အဖွဲ့ ရဲ့  ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ်အတွင်း ဒေသခံလူထုအပါဝင် ရှမ်း၊တအာန်း၊ကိုးကန့် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့နဲ့ ပါတွေ့ဆုံပြီး  အတူယှဉ်တွဲနေထိုင်ရေးအတွက် ဆွေးနွေးခဲ့တယ်လို့ KIA ဆီက သိရပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ဒေသကို   သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။

KIO /KIA ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ဦးဆောင်တဲ့ အဖွဲ့ဟာ အခုနှစ် ဧပြီလ ၄ ရက်နေ့ကနေ  ၆ ရက်အထိ ရှမ်းပြည်နယ် မြောက်ပိုင်းကို ခရီးသွားခဲ့ကြတာပါ။

ရှမ်းမြောက်မှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တပ်တွေဖြစ်တဲ့ SSPP၊ TNLA၊ MNDA Aတို့နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်တို့  သီးခြားစီတွေ့ဆုံခဲ့တာ ဖြစ်ပြီး တော်လှန်ရေးအဖွဲ့တွေ အကြား အချင်းချင်းကူညီဖေးမ နေထိုင်ဖို့  ပြောဆိုခဲ့ကြပေမယ့် စစ်ရေးနဲ့ပတ်သက်တဲ့ ပြောဆိုဆွေးနွေးမှု အခြေအနေကိုတော့ မသိရဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း-မောင်ရွှေဝါ၊မြတ်ကြီး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button