“လေယာဉ် ပျံလာနေချိန်မှာ ဒီလူနာကို ဆက်ကုမလား၊ ရွှေ့မလားဆိုတဲ့ ဆုံးဖြတ်ချက်ကို စက္ကန့်ပိုင်းအတွင်း ချရပါတယ်”
တော်လှန်ရေးနယ်မြေထဲက လူနာတွေအသက်ရှင်သန်အောင် ငါးနှစ်ကျော်တိုင်တိုင် ဆေးကုသပေးနေသူ ဒေါက်တာထရေစီ ပြောပြတဲ့ မြေပြင် အခြေအနေပါ။
အာဏာသိမ်းစစ်တပ်ရဲ့ ကျန်မာရေးဆိုင်ရာအဆောက်အဦတွေပါ မချန် ပစ်မှတ်ထားတိုက်ခိုက်မှုတွေကြားမှာ ကရင်နီဒေသက O1(အိုဝမ်း) ဆေးရုံဟာ လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ကြုံခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကြားမှာ လူနာတွေရဲ့အသက်ကို ကယ်တင်ဖို့ ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ဘယ်လိုကြိုးစားရုန်းကန်နေကြပါသလဲ။
လတ်တလော ရင်ဆိုင်နေရတဲ့ လောင်စာဆီပြတ်လပ်မှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ဆေးရုံလည်ပတ်ဖို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အပါအဝင် ဗုံးဆန်၊ အမြောက်ဒဏ်ကြားမှာ ဆရာဝန်တစ်ယောက်ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံနဲ့ ပတ်သက်ပြီး စစ်အာဏာသိမ်းပြီးတဲ့နောက် ဆေးကျောင်းကိုစွန့်ခွာပြီး တိုင်းရင်းသားဒေသမှာ လူနာတွေကို ကုသပေးနေတဲ့ ဒေါက်တာထရေစီ(Tracy) ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။
မေးမြန်း – သဇင်လှိုင်၊ တည်းဖြတ် – မြတ်ကြီး
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



