အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဟော့မုဇ် ရေလက်ကြားအား ဖြတ်သန်းမည့် သင်္ဘောများကို အီရန်က အခကြေးငွေ ကောက်ခံမည်

ဟော့မုဇ်ရေလက်ကြားမှာ ဖြတ်သန်းမယ့် သင်္ဘောတွေရဲ့ လုံခြုံရေးအတွက် အခကြေးငွေ ကောက်ခံဖို့ ဥပဒေမူကြမ်းတစ်ခုကို အီရန်လွှတ်တော်က ပြင်ဆင်နေတယ်လို့ နိုင်ငံပိုင် Fars သတင်းဌာနက မတ်လ ၂၅ ရက်မှာ ဖော်ပြပါတယ်။

ဒီဥပဒေကြမ်းဟာ လာမယ့်သီတင်းပတ်ထဲမှာ အပြီးသတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း အမည်မဖော်လိုတဲ့ လွှတ်တော်အမတ်တစ်ဦးရဲ့ ပြောကြားချက်ကို အဲဒီသတင်းမှာ ကိုးကားထားပါတယ်။

 အီရန်အနေနဲ့ ဟော့မုဇ်  ရေလက်ကြားအပေါ်   အချုပ်အခြာအာဏာ၊ ထိန်းချုပ်မှုနဲ့ စောင့်ကြည့်ခွင့်တွေကို ဥပဒေအရ တရားဝင်အသိအမှတ်ပြုဖို့  ကြိုးပမ်းနေတာဖြစ်ကြောင်းနဲ့   အခုလို အခွန်ကောက်ခံမှုကြောင့်   နိုင်ငံအတွက်လည်း ဝင်ငွေရလမ်းတစ်ခု ဖြစ်လာမယ်လို့   အဲဒီလွှတ်တော်အမတ်က ပြောပါတယ်။

အရှေ့အလယ်ပိုင်း စစ်ပွဲဟာ သီတင်းပတ် ၄ ပတ်မြောက် ကုန်ဆုံးခါနီးအထိ  ဟော့မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေ သွားလာလို့မရသလောက် ပိတ်ဆို့နေပြီး၊ တရုတ်နဲ့ အီရန်တို့နဲ့ ပတ်သက်တဲ့ သင်္ဘောအနည်းငယ်လောက်ပဲ ဖြတ်သန်းခွင့် ရနေတာ ဖြစ်ပါတယ်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ပင်လယ်ရေကြောင်း စောင့်ကြည့်ရေးအဖွဲ့တွေရဲ့ အဆိုအရ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က စောင့်ကြပ်နေတဲ့ ဒီရေလက်ကြားကို အခုအချိန်မှာ သင်္ဘောအနည်းငယ်လောက်ပဲ နေ့စဉ် ဖြတ်သန်းနေကြပြီး နေ့စဉ်ဖြတ်သန်းမှုဟာ စစ်မဖြစ်ခင်ကထက် ၉၅% လောက် လျော့ကျသွားပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles