အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူ့ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းကို ဖေဖော်ဝါရီ ၂၄ ရက်က ဝါရှင်တန်ဒီစီမှာရှိတဲ့ အမေရိကန် လွှတ်တော်အဆောက်အအုံထဲက အောက်လွှတ်တော်ခန်းမ မှာ ပြောကြားသွားခဲ့ပါတယ်။
အမေရိကန်သမ္မတတွေရဲ့ သမိုင်းမှာ အရှည်ကြာဆုံး ဖြစ်ပြီး မိနစ် ၁၀၀ ကျော်ကြာခဲ့တဲ့ သူ့ရဲ့ အဲဒီမိန့်ခွန်းမှာ သူ့အစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေး၊ စီးပွားရေး အောင်မြင်မှုတွေ၊ သွင်းကုန်ခွန်ကောက်ယူမှုကိစ္စတွေနဲ့ အီရန်အရေးတို့ကို ကျယ်ကျယ်ပြန့်ပြန့် ပြောခဲ့ရာမှာ အငြင်းပွားစရာအချက်အလက်တွေ အများကြီး ပါဝင်နေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။
ထရမ့်ကတော့ ထုံးစံအတိုင်း သူ့ရဲ့မိန့်ခွန်းကို မဲဆွယ်စည်းရုံးရေးကာလက နိုင်ငံအနှံ့ လှည့်လည်ချိန်မှာ အမြဲပြောလေ့ရှိတဲ့ “တို့နိုင်ငံ ပြန်လာပြီ၊ အရင်ကထက် ပိုကြီးမားလာတယ်၊ ပိုကောင်းလာတယ်၊ ပိုချမ်းသာလာပြီး ပိုတောင့်တင်းလာပြီ” ဆိုတဲ့ စကားတွေနဲ့ ပဲ စတင်ခဲ့ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



