အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ညောင်လေးပင်မြို့နယ်ရှိ စစ်တပ်ကင်းစခန်း တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဖအောင်းရွာရှိ စစ်တပ်ကင်းစခန်းငယ်တစ်ခု ယမန်နေ့ (ဇွန် ၂၂) ညပိုင်း၌ တိုက်ခိုက်ခံရပြီး စစ်သားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

ည ၈ နာရီကျော်ခန့်တွင် ကင်းစခန်းဘက်မှ ပေါက်ကွဲသံကြားရပြီး လက်လုပ်ဗုံးဖြင့် ပစ်ခတ်သည်ဟု ယူဆရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ 

“ပေါက်ကွဲသံလည်း ကြားရတယ်။ တစ်ယောက်ပဲ ထိတယ်။ လက်ကိုပဲ ထိသွားတယ်။ ဆိုင်ကယ်နဲ့ လာပစ်သွားတာ။ ၇ ယောက်သေတယ်ဆိုတာကတော့ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။ 

ကားလမ်းမဘေးရှိ ၎င်းကင်းစခန်းတွင် စစ်သား ၄ ဦးခန့်ရှိပြီး ဘေးတွင် စစ်မှုထမ်းဟောင်းအဆောက်အအုံရှိကာ သွားလာနေသည့် ဆိုင်ကယ်နှင့် ယာဉ်များကို ရံဖန်ရံခါ စစ်ဆေးတတ်ကြောင်း အထက်ပါဒေသခံက ဆိုသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“စစ်မှုထမ်းဟောင်းအဆောက်အအုံဘေး ကားလမ်းပေါ်မှာပဲ တဲလေးထိုးပြီး ကင်းစောင့်ကြတယ်။ စစ်တပ်ကပဲ စောင့်တာပဲ။ ပုံမှန်အချိန်တွေမှာတော့ သူတို့  ၂ယောက်ကနေ ၄ ယောက်ထိပဲ စောင့်ကြတယ်။ ကားလမ်းဘေးမှာတော့ ၂ ယောက်လောက်ပဲ ထိုင်နေကြတာများတယ်။ ကျန်တဲ့သူတွေကတော့ တဲအတွင်းဘက်မှာ ထိုင်နေကြတာ” ဟု ပြောသည်။ 

ယနေ့ ဇွန် ၂၃ နံနက်ပိုင်းတွင် ပဲခူးပြည်သူ့ကာကွယ်ရေးအဖွဲ့ (BDF) မှ ၎င်းတို့လက်ချက်ဖြစ်ကြောင်း ကြေညာခဲ့ပြီး စစ်တပ်မှ ၇ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် ညောင်လေးပင်၊ ပြွန်တန်ဆာမြို့ခံများ၏ ပြောဆိုချက်အရ ၇ ဦးသေဆုံးသည်မှာ မဟုတ်မှန်ကြောင်း၊ ဆေးရုံတက်ရောက်သူမရှိကြောင်း အသီးသီးပြောသည်။ 

ယမန်နေ့က မန္တလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်တချို့ တိုက်ခိုက်ခံခဲ့ရသောကြောင့် တန်ပြန်တိုက်ခိုက်ခြင်းဖြစ်သည်ဟု BDF အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

” မနေ့က မန္တလေးမှာ ကျွန်တော်တို့ရဲဘော်တွေ ပစ်ခတ်ဖမ်းဆီးခံရတာရှိတယ်။ အဲ့ဒီအတွက် ကျွန်တော်တို့ တစ်ချိန်တည်းမှာပဲ လှုပ်ရှားရခြင်းဖြစ်တယ်” ဟု ၎င်းက ပြောသည်။ 

လက်ရှိအချိန်ထိ ထိုနေရာတွင် လုံခြုံရေးတိုးမြှင့်ချထားမှုများနှင့် အခြားမည်သည့်ထူးခြားမှုမျှမရှိသေးဟု သိရသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button