အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရွေးကောက်ပွဲအလွန် စစ်ရေးပဋိပက္ခ ပိုပြင်းထန်လာမလား

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲအလွန်မှာလည်း လေကြောင်းဗုံးကြဲမှုအပါအဝင် အကြမ်းဖက်မှုတွေ ရပ်တန့်မယ့်အလားအလာ မရှိသလို၊ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပိုပြီး အရှိန်မြှင့်လာဖွယ်ရှိတယ်လို့ နိုင်ငံရေးလေ့လာသူတွေနဲ့ CDM တပ်အရာရှိတွေက သုံးသပ်ပါတယ်။ 

ရွေးကောက်ပွဲပြီးတာနဲ့ မတ်လမှာ လွှတ်တော်ခေါ်၊ အစိုးရဖွဲ့ပြီး အာဏာလွှဲပေးမယ်လို့ စစ်ခေါင်းဆောင်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြောထားပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲအလွန်မှာ စစ်ရေးပဋိပက္ခတွေက ရပ်မသွားတဲ့အပြင် ပိုပြင်းထန်လာဖွယ်ရှိတယ်လို့ အကဲခတ်တွေက ခန့်မှန်းနေကြတာပါ။ 

စစ်တပ်က အပိုင်း ၃ပိုင်းခွဲပြီး စိတ်ကြိုက် စီစဉ်ကျင်းပနေတဲ့ ရွေးကောက်ပွဲကာလမှာတောင် ဗုံးကြဲတိုက်ခိုက်မှုတွေက နေရာအနှံ့ ဆက်ရှိနေပါတယ်။ အမျိုးသားညီညွတ်ရေး (NUG) အစိုးရကလည်း အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းခဲ့ပြီး မဟာမိတ်အင်အားစုတွေနဲ့ ပူးပေါင်းကာ စစ်ဆင်ရေးပူးပေါင်းကွပ်ကဲမှု တရပ်ထူထောင်နိုင်ဖို့ ကြိုးပမ်းနေကြောင်းနဲ့ စစ်ရေးရော၊ နိုင်ငံရေးအရပါ စစ်ကော်မရှင်ကို ဟန်ချက်ညီညီ ဖိအားပေးသွားမယ်လို့  ပြောပါတယ်။

ရိုက်ကူး-မြတ်ကြီး     တင်ဆက်-သဇင်လှိုင်

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button