အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မင်နီယာပိုလစ်မြို့ပစ်ခတ်မှုမှာ သမ္မတထရမ့် ICE ဘက်က ရပ်တည်ပြီး သေဆုံးသူဘက်ကို အပြစ်ပုံချ

အမေရိကန်နိုင်ငံအလယ်ပိုင်း၊ မင်နီဆိုတာပြည်နယ်က ဒီမိုကရက်တစ်အုပ်စု အားကောင်းတဲ့ မြို့တော် မင်နီယာပိုလစ်မှာ   ပြီးခဲ့တဲ့ စနေနေ့က ဖက်ဒရယ်လူဝင်မှုကြီးကြပ်ရေး (I-C-E) အေးဂျင့်တွေရဲ့ ပစ်ခတ်မှုကြောင့် အသက် ၃၇ နှစ်အရွယ် အထူးကြပ်မတ်ကုသဆောင် သူနာပြု အဲလက်စ် ပရက်တီ    သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဟာ အမေရိကန်တစ်နိုင်ငံလုံးမှာ အငြင်းပွားစရာဖြစ်ရပ်တစ်ခု ဖြစ်နေပါတယ်။

အခုဖြစ်ရပ်ဟာ ဒီလအတွင်း မင်နီယာပိုလစ်မှာ အမေရိကန်နိုင်ငံသားတစ်ဦး ဒုတိယမြောက်အနေနဲ့ ထပ်မံ အသတ်ခံရတာဖြစ်ပြီး ဖြစ်စဉ် နှစ်ခုစလုံးမှာ  ဖက်ဒရယ်အေးဂျင့်တွေဟာ ကိုယ့်ကိုယ်ကိုယ်ခုခံခဲ့တာ ဖြစ်တယ်လို့ သမ္မတဒေါ်နယ်ထရမ့်နဲ့ အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

နောက်ဆုံး ထွက်ပေါ်လာတဲ့ ဗီဒီယိုမှတ်တမ်းတွေမှာတော့ အဲလက်စ် ပရက်တီ ဟာ လိုင်စင်နဲ့ကိုင်ဆောင်ထားတဲ့ သူရဲ့ လက်နက်ကို သိမ်းယူခံရပြီးမှ   ပစ်သတ်ခံခဲ့ရတာကို တွေ့ရပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button