အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

စစ်တပ်ရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ရပ်တည်ချက်ကို လေးစား၊ ကြည်ညိုကြောင်း NLD ပါတီပြောကြား

အာဏာသိမ်းစစ်တပ်က စိတ်တိုင်းကျ ခြယ်လှယ်ပြီး အတိုက်အခံနိုင်ငံရေးပါတီတွေမပါတဲ့ အတုအယောင် ရွေးကောက်ပွဲကို ဒီကနေ့ ဒီဇင်ဘာ ၂၈ရက်မှာ စတင်ပြုလုပ်နေပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ၈၂ရာခိုင်နှုန်းကျော် အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ငြင်းပယ်ပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးပါတီတွေဖြစ်တဲ့ NLD ပါတီနဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီတွေကို ဖျက်သိမ်းထားပါတယ်။ NLD ပါတီရဲ့ခေါင်းဆောင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်တပ်က ဖမ်းဆီး၊ ချုပ်နှောင်ထားပါတယ်။ 

ဒီလိုအခြေအနေမှာကျင်းပတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်လည်းဖြစ်၊ လက်ရှိမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ အတွင်းရေးမှူးလည်းဖြစ်သူ ဦးအောင်ကြည်ညွန့်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေးမြန်း – စထွန်းအောင်/ Myanmar Now

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles