အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရွေးကောက်ပွဲမလုပ်နိုင်တော့တဲ့နေရာတွေက တော်လှန်ရေးအားကောင်းတာကို သက်သေပြနေ

လွတ်လပ်၊ မျှတမှု ကင်းမဲ့ပြီး၊ လူထုစိတ်ဝင်စားမှုအနည်းဆုံးအဖြစ် သမိုင်းဝင်မယ့် ရွေးကောက်ပွဲတစ်ခုကို စစ်တပ်ကကျင်းပဖို့ ရက်ပိုင်းသာ လိုပါတော့တယ်။ 

ကျင်းပဖို့ ရက်ပေါင်း ၂၀ ကျော်သာ လိုတော့ချိန်မှာ မြို့ပေါ်ရပ်ကွက်တချို့နဲ့ ကျေးရွာအုပ်စုပေါင်း ၃၀၀၀ နီးပါးမှာ  ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးလို့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အသေးစိတ် ထပ်မံထုတ်ပြန်လာပါတယ်။ 

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက ကျေးရွာအုပ်စု အများစုဟာ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့စာရင်းထဲမှာ ထိပ်ဆုံးက ရှိနေပါတယ်။ 

စစ်ကိုင်းတိုင်းက မြို့နယ်ပေါင်း ၂၀ကျော်မှာ ကျေးရွာအုပ်စုပေါင်း ၈၀၀ကျော်၊ မကွေးတိုင်းက ၁၉မြို့နယ်မှာ ကျေးရွာအုပ်စုပေါင်း ၇၀၀နီးပါးနဲ့ မန္တလေးတိုင်း ၉မြို့နယ်က ကျေးရွာအုပ်စုပေါင်း ၂၀၀ကျော်မှာ ရွေးကောက်ပွဲမလုပ်နိုင်တော့ဘူးလို့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ တွေ့ရပါတယ်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

တကယ်တော့ အဲ့ဒီဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ကျေးလက်ဒေသအများစုကို တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကို Myanmar Now သတင်းထောက် မသဇင်လှိုင် ပြောပြပေးပါမယ်။ 

ရိုက်ကူး – မြတ်ကြီး 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles