အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အနည်းဆုံး လူ ၂၀ကျော် သေဆုံးခဲ့တဲ့ ဘုံတိုရွာက သီတင်းကျွတ်လပြည့်ည ဗုံးကြဲမှု

ဗုဒ္ဗမြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှာ ဝါတွင်းသုံးလ တရားဟောပြီး လူ့ပြည်ကို ပြန်ကြွလာတဲ့နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတဲ့ သီတင်းကျွတ်လပြည်နေ့ညမှာ မြန်မာပြည်အလယ်ပိုင်း၊ အညာဒေသက ရွာတစ်ရွာကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် အနည်းဆုံး လူ ၂၀ကျော် အစုလိုက်အပြုံလိုက်သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ အဲ့ဒီဖြစ်စဉ်မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။ 

အောက်တိုဘာလ ၆ရက်နေ့၊ သီတင်းကျွတ်လပြည့်နေ့ ည ၇နာရီကျော်အချိန်မှာ စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ချောင်းဦးနယ်အစပ်က ချောင်းဦးမြို့နယ် ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ လူစည်ကားနေချိန် အင်ဂျင်တပ်လေထီး(ပါရာမော်တာ)နဲ့ စစ်တပ်က ဗုံးကြဲခဲ့တာပါ။ 

တော်လှန်ရေးအားကောင်းတဲ့ ဗုံတိုရွာမှာ မီးထွန်းပွဲနဲ့အတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ မီးထွန်းပွဲသပိတ်လုပ်နေချိန်မှာ ဗုံး ၂လုံး ကြဲချခဲ့တာကြောင့် သေဆုံးသူတွေထဲ ကလေးငယ်တွေနဲ့ အရပ်သားတွေအပါအဝင် သပိတ်ကော်မတီဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

Myanmar now/ ကိုလှိုင်း 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles