အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အနည်းဆုံး လူ ၂၀ကျော် သေဆုံးခဲ့တဲ့ ဘုံတိုရွာက သီတင်းကျွတ်လပြည့်ည ဗုံးကြဲမှု

ဗုဒ္ဗမြတ်စွာဘုရား တာဝတိံသာနတ်ပြည်မှာ ဝါတွင်းသုံးလ တရားဟောပြီး လူ့ပြည်ကို ပြန်ကြွလာတဲ့နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတဲ့ သီတင်းကျွတ်လပြည်နေ့ညမှာ မြန်မာပြည်အလယ်ပိုင်း၊ အညာဒေသက ရွာတစ်ရွာကို စစ်တပ်က ဗုံးကြဲခဲ့တာကြောင့် အနည်းဆုံး လူ ၂၀ကျော် အစုလိုက်အပြုံလိုက်သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိတယ်လို့ အဲ့ဒီဖြစ်စဉ်မှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။ 

အောက်တိုဘာလ ၆ရက်နေ့၊ သီတင်းကျွတ်လပြည့်နေ့ ည ၇နာရီကျော်အချိန်မှာ စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ချောင်းဦးနယ်အစပ်က ချောင်းဦးမြို့နယ် ဘုံတိုရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ လူစည်ကားနေချိန် အင်ဂျင်တပ်လေထီး(ပါရာမော်တာ)နဲ့ စစ်တပ်က ဗုံးကြဲခဲ့တာပါ။ 

တော်လှန်ရေးအားကောင်းတဲ့ ဗုံတိုရွာမှာ မီးထွန်းပွဲနဲ့အတူ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ မီးထွန်းပွဲသပိတ်လုပ်နေချိန်မှာ ဗုံး ၂လုံး ကြဲချခဲ့တာကြောင့် သေဆုံးသူတွေထဲ ကလေးငယ်တွေနဲ့ အရပ်သားတွေအပါအဝင် သပိတ်ကော်မတီဝင်တွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

Myanmar now/ ကိုလှိုင်း 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button