စစ်တပ်သမိုင်းတလျှောက် သမိုင်းဝင်စစ်ရှုံးမှုကြီးတစ်ခုဖြစ်ခဲ့တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုကြောင့် ရပ်တန့်ပေးခဲ့ရပါတယ်။
တရုတ်အစိုးရဟာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့ထဲက ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို စစ်ရေး၊ နိုင်ငံရေးအရ ဆက်တိုက်ဖိအားပေးခဲ့တာပါ။ ကိုးကန့်တပ် သိမ်းပိုက်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့ကို စစ်ကောင်စီတပ်က ကျည်တစ်ချက်မဖောက်ရဘဲ တရုတ်အားကိုးနဲ့ ပြန်လည်ရယူနိုင်ခဲ့ပါတယ်။
လက်ရှိမှာ တရုတ်အစိုးရအနေနဲ့ တအာင်းတပ်(TNLA) ကို ဖိအားတွေ ဆက်တိုက်ပေးနေပြီး TNLA သိမ်းပိုက်ထားတဲ့ နောင်ချို မြို့ကိုလည်း ပြန်လည် သိမ်းပိုက်ထားပါတယ်။ ရှေ့လျှောက်မှာလည်း အာဏာသိမ်းစစ်တပ်ဟာ အာရက္ခတပ်မတော် AA ကိုလည်း ပြန်လည်ထိုးစစ်ဆင်တာတွေ လုပ်လာနိုင်တယ်လို့ TNLA ပြောခွင့်ရ လွေးယေဦးက ပြောပါတယ်။
ကိုလှိုင်း/ Myanmar Now



