အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“တကယ့် သက်ရှိစည်းရိုးလို အသေခံပြီးချတဲ့ကောင်တွေမှ မဟုတ်တာ”

မြန်မာနိုင်ငံတောင်ပိုင်း  ထိုင်း-မြန်မာနယ်စပ်ရှိ ဥကရစ်ထ စစ်စခန်းကို စစ်ကောင်စီက သက်ရှိစည်းရိုးဟု အမည်ပေးထားပြီး ကာကင်းနှစ်ခုဖြင့် ကာရံထားသော်လည်း ဇူလိုင်လ ၁၂ ရက်တွင် ထိုစခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့များက သိမ်းယူနိုင်ခဲ့သည်။

ကာကင်းနှစ်ခု ဆက်သွယ်ရေးမြောင်းများ၊ ကတုတ်ကျင်းများနှင့် မော်တာလက်နက်ကြီး ပစ်ကျင်းများရှိသည့် လုံခြုံရေးနှင့် ခုခံမှုအားကောင်းအောင်ပြင်ဆင်ထားသည့် စစ်ကောင်စီ၏ ဥကရစ်ထ စစ်စခန်းကို တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်နိုင်ခြင်းကြောင့် မြဝတီတောင်ဘက်တစ်ကြောတွင် KNU နှင့် PDF များအတွက် ရိက္ခာ နှင့် ဆေးဝါးအပါအဝင် ထောက်ပို့လမ်းကြောင်းများ ပွင့်သွားသွားသည်။

ဥကရစ်ထ စခန်းသည် မြဝတီမြို့တောင်ဘက် မိုင် ၃၀ အကွာ ဥကရစ်ထရွာတွင် တည်ရှိပြီး ထိုင်း-မြန်မာနယ်စပ် အနောက်ဘက် ကိုက် ၁၇၀ အကွာတွင်တည်ရှိသည့် စခန်းဖြစ်သည်။ ထိုစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်များက အင်အား ၃၀၀ ကျော်ဖြင့် ၂၀၂၂ ခုနှစ် ဇွန်လ ၂၆ ရက်မှစတင်ကာ စခန်း၏ အနောက်ဘက်နှင့် တောင်ဘက်တို့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ထိုသို့တော်လှန်ရေးတပ်များ၏ မအောင်မြင်ခဲ့သော တိုက်ခိုက်မှုကို စစ်ကောင်စီကပုံဖော်ကာ သက်ရှိစည်းရိုးအမည်ဖြင့် ဝါဒဖြန့် ရုပ်ရှင်ကားကို ၇၉ နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသည်ဆိုကာ ပြီးခဲ့သည့်နှစ်တွင် ဝါဒဖြန့်ပြသခဲ့သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၂၅ခုနှစ် ဇွန်လတွင် မြဝတီမြို့တောင်ဘက်ရှိ ဝေါ်လေဗျူဟာနှင့် ထီးသဲလယ် စခန်းများကို KNUနှင့် ပူးပေါင်းတပ်များက တစ်ပြိုင်နက်တည်း စစ်ဆင်တိုက်ခိုက်ခဲ့သည်။ ထို့နောက် တစ်လအကြာတွင် လုံခြုံရေးအဆင့်မြှင့်ထားသည့် ဥကရစ်ထ စစ်စခန်းကိုပါ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

“မြင်သာအောင် ပြောရရင် ဆန်အိတ်တစ်အိတ်ကို အကြိမ်ကြိမ်ထိုးခွဲတဲ့ အခါ ပွင့်ထွက်သလိုပဲ စစ်ကောင်စီတပ်သားတွေ မခံနိုင်တဲ့အဆုံး ဆုတ်ခွာသွားကြတာပါ” ဟု အမည်မဖော်လိုသူ KNU အဆင့်မြင့်အရာရှိတစ်ဦးကဆိုသည်။

KNU နှင့် ပူးပေါင်းတပ်များသည် စခန်းများကိုဦးစွာ ပိတ်ဆို့၍ ရိက္ခာနှင့် ရေဖြတ်တောက်ပြီးနောက် ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အဆိုပါ အရာရှိကဆိုသည်။ ဥကရစ်ထစခန်းအတွက် ရိက္ခာနှင့် လက်နက်ခဲယမ်းများကို စစ်ကောင်စီဘက်က စစ်လေယာဉ်ဖြင့် ကြဲချခဲ့သော်လည်း အများစုသည် စစ်ကောင်စီစခန်းထဲမကျဘဲ တော်လှန်ရေးတပ်များစိုးမိုးထားရာနေရာသို့ ကျရောက်ခဲ့သည်ဟုလည်း သူက ပြောသည်။

ဥကရစ်ထစခန်းနှင့် ဝေါလေအား စစ်ဆင်သည့် KNU နှင့် ပူးပေါင်းတပ်များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုအများစုသည် အောင်မြင်ပြီး စစ်ကောင်စီစစ်စခန်းမှ ပစ်မှတ်များကို တိုက်ခိုက်နိုင်ခဲ့သည်ဟုလည်းသိရသည်။

ကိုလှိုင်း/ Myanmar Now

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles